နိုင်ငံဂုဏ်ဆောင် ကချင် စစ်ရှောင် ကရာတေးအဖွဲ့ ကို မြစ်ကြီးနားတွင် ဂုဏ်ပြု

နိုင်ငံဂုဏ်ဆောင် ကချင် စစ်ရှောင် ကရာတေးအဖွဲ့ ကို မြစ်ကြီးနားတွင် ဂုဏ်ပြု

စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှ (၁၀)နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ KYOKUSHIN ကရာတေးပြိုင်ပွဲတွင် ဆုများစွာ ဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံဂုဏ်ဆောင် ကချင် ကရာတေး အဖွဲ့အား ယနေ့ မြစ်ကြီးနားမြို့ မနောကွင်းတွင် ကချင်လူထု ကြိုဆိုသည့် ကျေးဇူးတော် ချီးမွမ်း ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကရာတေး အဖွဲ့မှ ရွှေတံဆိပ် ၄ခု၊ ငွေတံဆိပ် ၂ခု၊ ကြေးတံဆိပ် ၃ခု ရရှိခဲ့ကြပြီး စုစုပေါင်းဆုတံဆိပ် ၉ ဆု ဆွတ်ခူးခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာနိုုင်ငံ ကိုယ်စားပြု ကစားသမား ၁၈ ဦးအနက် ၁၅ ဦးမှာ ကချင်ပြည်နယ်က ဖြစ်ကြသည်။

ကချင်ပြည်နယ် ကစားသမား ၁၅ ဦးတွင် စစ်ရှောင်စခန်းက ကလေး ၂ ဦး ပါဝင်ပြီး သူတို့သည်လည်း ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့ကြသည်။

စက်တင်ဘာလ ၈ ရက်နေ့က ယှဉ်ပြိုင်ခဲ့ကြသည့် ၎င်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် အိမ်ရှင် စင်ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ တို့မှ ကစားသမား စုစုပေါင်း ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိင်ခဲ့ကြခြင်း ဖြစ်သည်။

လာမည့် ၂၀၁၉ ဧပြီလ ဂျပန်နိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာ KYOKUSHIN ကရာတေး ဖိတ်ခေါ်ပြိုင်ပွဲ တွင်လည်း သွားရောက် ယှဉ်ပြိုင်သွားအုံးမည် ဖြစ်ကြောင်း ကချင်ပြည်နယ် KYOKUSHIN ကရာတေး ခေါင်းဆောင် ဦး Brang Awng (ဘရန်အောင်) ကပြောသည်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...