တပ်မတော် ဖမ်းဆီးသွားသော ကထန်ယန် ကျေးရွာသား ၂ ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် အရေးယူ

တပ်မတော် ဖမ်းဆီးသွားသော ကထန်ယန် ကျေးရွာသား ၂ ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် အရေးယူ

တပ်မတော်မှ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ကထန်ယန်ဒေသခံနှစ်ဦးဖြစ်သည့် ဦးဖော်ယမ်လဆမ် နှင့် ဦးလဖျော်ခေါင်ဒေါင် နှစ်ဦးအား မတရားအသင်း ဆက်သွယ်မူ ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့်တရားဆွဲထားပြီး တရားရင်ဆိုင်ရန် ယခု မြစ်ကြီးနားတွင် ရောက်နေပြီ ဖြစ်ကြောင်း မြို့မ ရဲစခန်း တာဝန်ရှိသူများမှ သိရပါသည်။

ထို့ကြောင့် စက်တင်ဘာ ၂၄ ရက်တွင် ပထမအကြိမ် ရုံးချိန်း အဖြစ် စတင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

၎င်းတို့နှစ်ဦးအား လွန်ခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့ နံနက် ၃နာရီခွဲချိန်တွင် နေအိမ်မှ တပ်မတော်သားများ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပါသည်။

ထို့နောက် သူတို့ ၂ ဦး အမြန်ဆုံးလွှတ်မြောက်နိုင်ရန် မိသားစုဝင်များမှ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ စာရေးသား တောင်းဆိုခဲ့ပါသည်။

Most read this week

May 3, 2024
မိုးမောက်မြို့မှာ စစ်တပ်က ဈေးဆိုင်တစ်ချို့ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေသယ်ယူနေတဲ့အပြင်...
May 2, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို...
May 1, 2024
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်နဲ့...
ရှေ့တန်းတစ်နေရာမှာတွေ့ရတဲံ KIA တပ်ဖွဲ့ဝင်များ
April 29, 2024
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က...