မြစ်ဆုံရေကာတာ ပြန်စရန် တရုတ် SPIC ဒေသခံများကို ဆက်တိုက် စည်းရုံး

မြစ်ဆုံရေကာတာ ပြန်စရန် တရုတ် SPIC ဒေသခံများကို ဆက်တိုက် စည်းရုံး

မြစ်ဆုံ ရေကာတာစီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်နိုင်ရန် တရုတ်အစိုးရပိုင် ရေအားလျှပ်စစ် ကုမ္မဏီ (SPIC) မှ Alam ကျေးရွာ အုပ်ချုပ်ရေးရုံးတွင် စည်းရုံးရေး အစီစဉ် ယမန်နေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ကျေးရွာသားအားလုံးကိုဖိတ်ခေါ်ခြင်းမရှိဘဲ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ၂၀ ဦးခန့်သာ ပါဝင်သော ထိုစည်းရုံးရေးအစီစဉ်တွင် State Power Investment Corporation ဘက်မှ ရေကာတာပြုလုပ်ခြင်းကြောင့် ရရှိလာမည့်ကောင်းကျိုးများ ကို ရှင်းလင်းခဲ့ကြောင်း ပြောပါသည်။

ရေကာတာစီမံကိန်းကြောင့် ရွှေ့ပြောင်းလာသောရွာသားများကို SPIC အဖွဲ့မှ ပုံမှန် ထောက်ပံ့ကူညီနေသောကြောင့် စီမံကိန်း ပြန်လည် အကောင်အထည်ဖော်လာ မည်ကို စိုးရိမ်နေကြောင်း Alam (အာလမ်) အုပ်ချုပ်ရေးမှူး ဦး Mung Ra ပြောဆိုသည်။

သြဂုတ်လ (၂၄) ရက်နေ့မှာလည်း မြစ်ဆုံပတ်ဝန်းကျင် ၀ိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာ တွင် SPIC ဝန်ထမ်းများ လူထုနှင့်တွေ့ဆုံ စည်းရုံးရေး ပြုလုပ်ခဲ့သည်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...