တစ်နှစ်စာ ဝမ်းရေးဖြောင့်ဖြူးရန် ကူညီပါ

တစ်နှစ်စာ ဝမ်းရေးဖြောင့်ဖြူးရန် ကူညီပါ

များမကြာခင်ကာလတွင် တောင်သူများ၏ တစ်နှစ်ပတ်လုံး သီးနှံများထွက်ရှိလာတော့မည်ဖြစ်သည်။ လုပ်အား၊ ငွေအားဖြင့် ရင်းနှီးထားသည့် ၎င်းတို့၏ ချွေးနည်းစာကို ဖျက်ဆီးရန် အသင့်စောင့်ကြိုနေသော အရာများလည်း ရှိနေသည်။

မူမမှန်သော ရာသီဥတုကို ဒီကာလအတွင်း ကြုံခဲ့ကြရပြီးဖြစ်သည်။ မိုးမမှန်၍ နောက်တစ်ကြိမ်ထပ်မံ စိုက်ပျိုးရသည့် စိုုက်ခင်းအများအပြားရှိသည်။ မိုးများ၍ သီးနှံပင်များမအောင်မြင်မှုလည်း ထိုနည်းတူတူဖြစ်သည်။ ကုန်ကျစရိတ်များ ပုံမှန်ထက်ပိုကုန်ရသည်။

ယင်းကဲ့သို့ အခက်အခဲများကြောင့် စိုက်ပျိုးရေးတွင် ရင်းနှီးမြှပ်နှံလိုက်သော ငွေများအတွက် ပူပင်သောကရောက်ကြရသည်။ ပုုံမှန်မဟုတ်သော ငွေကုန်ကြေးကျအတွက် အတိုးများများနှင့် ပြင်ပမှ ချေးယူနေကြရသည့် တောင်သူများမနည်းပေ။

ဒီကြားထဲ သီးနှံဖျက်ပိုး ငမြောက်တောာင်လည်း ဒုက္ခပေးလိုက်သေးသည်။ ဆွတ်ခူးခါနီး ပြောင်းပင်များ ပိုးဖျက်၍ ဆုံးရှုံးမှုထပ်ကြုံပြန်သည်။ ရင်းထားသမျှ သဲထဲရေသွန်ဖြစ်သွားသည်။ ဒါတင်မကသေး တောင်သူများ နောက်ထပ် စိန်ခေါ်မှု တစ်ခုထပ်တွေ့ရအုန်းမည်။ သီးနှံစျေးဖြစ်သည်။

လွန်ခဲ့သည့်နှစ်များက ပုံမှန်တင်ပို့နေသည့် နိုင်ငံခြား၏ မူဝါဒများကြောင့် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ကာ အရင်းပင်ပြန်မရသည့် အဖြစ်က ၎င်းတို့အား သင်ခန်းစာကောင်းကောင်းကြီးပေးခဲ့သည်။

သို့ဖြစ်၍ ယခုနှစ် သီးနှံထွက်ရာသီရောက်လာတော့မည်ဖြစ်သည်။ တစ်နှစ်စာ ဝမ်းရေးဖူလုံမှုကို အဆုံးအဖြတ်ပေးမည့် သီးနှံစျေးနှုန်းသည် အရေးကြီးသည်။ ပုံမှန်သဘောတရားအရ စျေးကွက်စီးပွားရေးစနစ်ဖြစ်သော်လည်းပဲ စျေးကွက်ပျက်သွားသည့်အခါမျိုး အစိုးရမှ ဝင်ရောက်ထိန်းညှိပေးနိုင်သည်။

ကယားပြည်တွင် အများစုစိုက်ပျိုးသော တစ်ရာသီထွက် သီးနှံ ၂ မျိုးရှိသည်။ ၂၀၁၆ ခုုနှစ်တွင် ပြောင်းစျေးကျသည်။ နှမ်းစျေးလည်း ကျသည်။ ၂၀၁၇ တွင် ပြောင်းစျေးကောင်းသည်။ နှမ်းစျေးမာမူ တက်လာခြင်းမရှိသည့်အပြင် စျေးထပ်ကျသည်။ တောင်သူများ အရင်းသာပြန်ရပြီး ပိုလျှံငွေများများမရကြပေ။

သို့အတွက် လိုအပ်သော ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်း တိုးတက်ရေးအတွက် ငွေများမသုံးစွဲနိုုင်တော့ပေ။ ယင်းသည် ဆင်းရဲမှု၏ အစပင်ဖြစ်သည်။ ငွေကြေးမလုံလောက်သည့် အောက်ခြေတောင်သူများ၏ ဘဝမလှပမှတော့ နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုများ နှေးကွေးစေသည်။

ယခုကတည်းက ထွက်ရှိလာမည့် တောင်သူများ၏ စျေးကွက်သတင်းအချက်အလက်နှင့် အခြားသော ပံ့ပိုးကူညီမှုများကို အသင့်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ရေးသားအပ်သည်။

 

ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...