(၇၉) နှစ်မြောက်ဆရာတော်ဦးဥတ္တမ အခမ်းအနား ဂျပန်တွင်ကျင်းပ

(၇၉) နှစ်မြောက်ဆရာတော်ဦးဥတ္တမ အခမ်းအနား ဂျပန်တွင်ကျင်းပ

ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်) (ANDP) မှ ကြီးမှူးပြီး (၇၉) နှစ်မြောက် ဆရာတော် ဦးဥတ္တမ နေ့ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သတင်းရရှိသည်။

အခမ်းအနားကို စက်တင်ဘာ ၉ ရက် နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီထိ ပြုလုပ်ခဲ့ပြီး ဂျပန်ရောက်ရခိုင်အမျိုးသားများ၊ မဟာမိတ်မြန်မာ့တိုင်းရင်းသား ခေါင်းဆောင်များ၊ မြန်မာညီအစ်ကို တိုင်းရင်း သားများ၊ ဂျပန်လူမျိုးများအပါအဝင် လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

အခမ်းအနားတွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဂျပန်လူမျိုးများမှ ပန်းခွေများချပြီး ဆရာတော်အား ဂါရဝ ပြုခဲ့ကြသည်။ သဘာပတိအဖြစ် ANDP နာယက ဦးဇော်မင်းခိုင် မှ ဆောင်ရွက်ခဲ့သည်။

ANDP နာယက ဦးလှအေးမောင်၊ANDP ဥက္ကဋ္ဌ ဦးခိုင်မောင်ထွန်းတို့နှင့် အတူ တက်ရောက် လာကြသည့် မဟာမိတ် တိုင်းရင်းသားခေါင်းဆောင်များမှ ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးများကို အကျယ်တဝန်း ဟောပြောခဲ့ကြသည်။

အခမ်းအနား၏ ဟောပြောချက်များကို ဂျပန်လူမျိုးများ သိရှိနိုင်စေရန် ဂျပန်လူမျိုး Hisao TANABE မှ မြန်မာဘာသာမှ ဂျပန်ဘာသာသို့ ပြန်ပေးခဲ့သည်။

“ ယခုလို ဆရာတော် ဦးဥတ္တမနေ့ကို ရေမြေခြား ဂျပန်နိုင်ငံမှာကျင်းပခြင်းဟာ သမိုင်းပေးတာဝန် တစ်ခုကို လက်ဆင့်ကမ်း သယ်ယူလာခြင်း ဖြစ်သလို ရခိုင်တို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားမှုကို ထုတ်ဖော်ပြသခြင်းလည်းဖြစ်ပါတယ်။ တိုင်းပြည်အတွက် အနစ်နာခံ ပေးဆပ်သွားခဲ့ကြတဲ့ ရခိုင်အာဇာနည်တွေကို ဂုဏ်ပြုခြင်းအားဖြင့် နောက်လာမယ့် ရခိုင် မျိုးဆက်သစ် လူငယ်တွေ မျိုးချစ်စိတ်တွေ နိုးထလာပြီး ရခိုင်အရေး ဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ်နိုင်တဲ့ နေရာက တစ်တတ်တစ်အား ပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ANDP အထွေထွေအတွင်းရေးမှူး ကို ဘုန်းမြင့်က ပြောသည်။

တက်ရောက်လာသူများအား သဘာပတိ အဖြစ် ဆောင်ရွက်သူ ANDP နာယက ဦးဇော်မင်းခိုင်မှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်ဟု သိရသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...