မြန်မာအစိုးရတပ် မှ KIA စခန်း တစ်ခုကို ထိုးစစ်ဆင် သိမ်းပိုက်

မြန်မာအစိုးရတပ် မှ KIA စခန်း တစ်ခုကို ထိုးစစ်ဆင် သိမ်းပိုက်

ကချင်ပြည်နယ် အရှေ့ဘက် မြစ်ကြီးနား-ဗန်းမော်လမ်း အနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်း တစ်ခုကို မြန်မာအစိုးရတပ်မှ စက်တင်ဘာ (၈)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Dabak နှင့် Maisak Pa ကြား အဆိုပါ KIA ရှေ့တန်းစခန်းငယ်ကို အစိုးရတပ် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် စက်တင်ဘာ (၈)ရက်နေ ညနေ (၄)နာရီခန့်တွင် တိုက်ပွဲဖြစ်ပြီး ၎င်းစခန်းကို စွန့်ခွာပေးလိုက်ရသည်ဟု လိုင်ဇာ KIA သတင်းရပ်ကွက် အတည်ပြုပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် ၎င်း၏ လက်နက်ကိုင် KIA နှင့် တပ်မတော်ကြား ၁၉၉၄ နှင့် ၂၀၁၃ ချုပ်ဆိုခဲ့သည့် စာချုပ်များကို အခြေခံပြီး နှစ်ဖက်အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် တင်ပြဆွေးနွေးခဲ့သော်လည်း တပ်မတော်ဘက်မှ လက်ခံခြင်းမရှိသေးပါ။

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...