ဒေါဖုကျေးရွာအုပ်စုအတွင်း မိုးအဆက်မပြတ်ရွာ၊ သီးနှံပျက်စီး၍ တောင်သူများ စိုးရိမ်

ဒေါဖုကျေးရွာအုပ်စုအတွင်း မိုးအဆက်မပြတ်ရွာ၊ သီးနှံပျက်စီး၍ တောင်သူများ စိုးရိမ်
by -
ခူးစိုးရယ်ဦး
မိုးများနေသော ဒီးမော့ဆိုမြို့နယ် ဒေါပဲ့တူကျေးရွာရှိ စိုက်ခင်းတစ်ခုကိုတွေ့ရစဉ်(ဓါတ်ပုံ-ခူးစိုးရယ်ဦး)
မိုးများနေသော ဒီးမော့ဆိုမြို့နယ် ဒေါပဲ့တူကျေးရွာရှိ စိုက်ခင်းတစ်ခုကိုတွေ့ရစဉ်(ဓါတ်ပုံ-ခူးစိုးရယ်ဦး)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါဖုအုပ်စုတွင် ၂၀၁၈ ဇွန်လမှ စက်တင်ဘာလအထိ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် သီးနှံများပျက်စီးပြီး စားဝတ်နေရေးအတွက် အခက်ကြုံလာမည်ကို စိုးရိမ်နေကြသည်။

“ကျွန်မတို့စိုက်တဲ့စပါးတွေ တချို ့တစ်နေရာတွေမှာ ပိုးကျပါတယ်ဆို ဒီလိုမိုးအမြဲရွာနေတော့ ဘာစားတော့မှာလဲ” ဟုဒေါဖုကျေးရွာနေ ဒေါ်ကျဲမယ်ကပြောပါသည်။

မိုးရွာသွန်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေးများ၊ ၎င်းတို့၏ကျန်းမာရေးအတွက်ပါ ထိခိုက်လာမည်ကိုလည်း စိုးရိမ်နေကြရသည်။

ဒေသခံတောင်သူများသည် ပြောင်းဖူး၊ ပဲ၊ နှမ်းစသည်တို့ကို အဓိကစိုက်ပျိုးပြီး မိသားစုစားဝတ်နေရေးအတွက်သာမက ကလေးကျောင်းစာရိတ်နှင့် အပြင်ဝင်ငွေ တနည်းနည်းရရှိရန် စိုက်ပျိုးကြသည်။

စက်တင်ဘာလအထိ မိုးများ အဆက်မပြတ်ရွာသွန်းသဖြင့် စပါးပင်များ ဝါခြင်း၊ စပါးပင်များ မရှင်သန်နိုင်ခြင်း၊ ပိုးများကျခြင်းစသည်တို့ကို ဒေသခံများ ကြုံတွေ့နေရသည်။ ထို့အပြင် ပြောင်းဖူးပင်များကိုလည်း ကြွက်ဖျက်ကုန်သည့်အတွက် တောင်သူများ အရှုံးပေါ်နိုင်ကြောင်း တောင်သူများက ပြောသည်။

“မိုးကဒီလိုပဲ အမြဲရွာနေတာ တော်တော်ခက်တယ် ၊ စပါးပင်တွေ မသန်တော့ဘူး ၊ ပြောင်းတွေလည်း ကြွက်ဖျက်တယ်၊ ကျွန်တော်တို့ ရှုံးတာပေ့ါ” ဟု ဒေါပဲ့တူးကျေးရွာဥက္ကဌ ဦးနဲရယ်ကပြောသည်။

ပြောင်းဖူးများ ကြွက်ဖျက်ဆီးခြင်းကြောင့် စီးပွားဖြစ်စိုက်ပျိုးသည့် တောင်သူများ ၎င်းတို့ ယူထားသောချေးငွေများ ပြန်မဆပ်နိုင်မည်ကိုလည်း စိုးရိမ်နေကြရသည်။

ရှားတောမြို့နယ်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်သူများစိုက်ထားသည့် နှမ်းပွင့်များနှင့် အပင်များ ပုပ်ကုန်ကြောင်း သိရသည်။ ထို့အပြင် ယခုရက်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် သံလွင်မြစ်ရေတက်လာပြီး ဖားဆောင်းမြို့နယ်အတွင်းရှိ မြစ်နှင့်နီးကပ်သည့် ကျေးရွာများသို့ ရေများဝင်ရောက်လာနေပြီဖြစ်ကြောင်း သိရသည်။

Most read this week

KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...