ဝေဖန်မှုကြား အောင်လအင်ဆန် ကြေးရုပ်တည်ဆောက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း

ဝေဖန်မှုကြား အောင်လအင်ဆန် ကြေးရုပ်တည်ဆောက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း

ကချင်ပြည်နယ် မနောကွင်း တွင်ထားရှိမည့် MMA သိုင်းပေါင်းစုံ ကိုယ်ခံပညာ One Championship ၏ ကမ္ဘာ့အလတ်တန်းချန်ပီယံ အောင်လအင်ဆန် ကြေးရုပ်ထုအား ဝေဖန်မူများရှိနေသည့်ကြား ယနေ့ စက်တင်ဘာ (၅)ရက်နေ့တွင် လုပ်ငန်းကော်မတီ ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါသည်။

“အဓိက ကချင်ရိုးရာယဉ်ကျေးမူ ဗဟိုကော်မတီက ပြီးမှ ကချင်အတိုင်ပင်ခံ ပြီးမှ ရပ်မိရပ်ဖ အကုန်ပေါင်းပြီးတော့ ဒီကော်မတီက်ုိ ဖွဲ့ခြင်းဖြစ်တယ်။ ကချင်ရိုးရာယဉ်ကျေးဗဟိုကော်မတီကလည်း ဒီကိစ္စ ခင်ဗျားတို့ ကော်မတီဖွဲ့ဲပြီး ဦးဇေလွမ်း ခေါင်းဆောင်လုပ်ပြီးမှ ကျန်တဲ့ကော်မတီဖွဲ့ပြီးဆောင်ရွက်သွားပါ ဆိုပြီးစာထုတ်ပေးလို့ ကျနော်တို့က လက်တွေ့ ဆောင်ရွက်တာဖြစ်တယ်။ ဒီမိုကရေစီဖြစ်စဉ်ဆိုတော့ အနည်းငယ်တော့ရှိမှာဘဲ။ သူတို့တွေကိုလည်း ကျနော်တို့က ဖြေရှင်းသွားမှာပါ” ဟု ကော်မတီ ဥက္ကဋ္ဌ ဦး Qidnang Zelum ပြောသည်။

အောင်လအင်ဆန် ကြေးရုပ်ထုအား မနောကွင်းတွင် ထားရှိရန် ပထမဆုံးအကြိမ် ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့တွင် ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။ 

အဆိုပါ ကြေးရုပ်ထု ကို ယခုလ မှ စတင်ကာ ထုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလတွင် ဖွင့်ပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။

သို့သော်လည်း ကြေးရုပ်ထုကို ငွေကုန်ကြေးကျများပြီး ဆောက်လုပ်မည့်အစား အများအကျိုးရှိမည့် အောင်လအင်ဆန် အမှတ်တရ အားကစားကွင်းမျိုးသာ ပိုသင့်တော်ကြောင်း လူမှုကွန်ယက်၌ ဝေဖန်မှုများစွာ ရှိလာခဲ့သည်။

ကော်မတီ က အောင်လအင်ဆန်တင် မဟုတ်ဘဲ ကမ္ဘာ့စံချိန်စံနှုန်းနှင့်ကိုက်ညီသော မည်သူမဆို နောက်နောင်တွင် ခုလိုဆောင်ရွက်ပေးသွားမည် ဖြစ််ကြောင်း သိရသည်။

ထို့အပြင် ဒေသခံအချို့အကြံပေးသလို အောင်လအင်ဆန် အားကစားကွင်း ကိုလည်း ဖွင့်သွားမည်ဖြစ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သော လုပ်ငန်း ကော်မတီများ ဖွဲ့စည်းသည့် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦး Qidnang Zelum က ဆက်ပြောသည်။

ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...