စစ်ရှောင်အရေး ကချင် ဆန္ဒပြ ခေါင်းဆောင်(၃)ဦး အမှု ဆက်လက် စစ်ဆေးရန် တရားရုံး အမိန့်ချ

စစ်ရှောင်အရေး ကချင် ဆန္ဒပြ ခေါင်းဆောင်(၃)ဦး အမှု ဆက်လက် စစ်ဆေးရန် တရားရုံး အမိန့်ချ
by -
ခွန်​းကလိုင်​းဖရီး

ကချင်ပြည်နယ် တိုက်ပွဲနယ်မြေအတွင်း ပိတ်မိနေသော စစ်ရှောင်ပြည်သူများ လွတ်မြောက်ရေး ကချင်လူငယ် ဆန္ဒပြခေါင်းဆောင် (၃)ဦးတွင် အပြစ်ရှိကြောင်းနှင့် အမှု ထပ်မံ စစ်ဆေးရန်လိုအပ်ကြောင်းကို မြို့နယ် တရားသူကြီး မှ စက်တင်ဘာ (၃)ရက်နေ့တွင် အမိန့်ချလိုက်ပါသည်။

တရားလို မြောက်ပိုင်းတို်င်းစစ်ဌာနချုပ် (မပခ) မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦး နှင့်တကွ သက်သေ (၃)ဦး ကို စစ်ဆေးခဲ့ပြီးနောက် ဤအမှုကို ဆက်လက် စစ်ဆေးသင့် မသင့် စွဲချက်ကို သြဂုတ် (၂၇)ရက်နေ့ ရုံးချိန်းတွင် လျှောက်တင်ခဲ့ပြီး ယခုလို အမိန့်ချလိုက်ခြင်း ဖြစ်ပါသည်။

စွပ်စွဲချက်ဖြင့် မညီသော တရားလိုသက်သေများ၏ ထွက်ဆိုမှုကို ကြားနာပြီးနောက် ယခုလို စွဲချက် အမိန့်ချခြင်းမှာ မတရားမှု ကို ပိုမို အားကြီးစေနိုင်ကြောင်း တရားခံ တစ်ဦး ဒေါ်နန်ပူ ပြောပါသည်။

"သူတို့ဘက်က သက်သေ (၄)ယောက်အနက် (၃)ယောက်ကို စစ်ပြီးပြီ။ အဲဒီသက်သေတွေကိုယ်တိုင်က ကျမတို့ကို မသိသလို တရားစွဲချက်နဲ့ မညီတဲ့ အချက်တွေကိုပဲ ပြောသွားတယ်။ ပြီးတော့ တရားလို ဒုဗိုလ်မှူးကြီး ကိုယ်တိုင်လည်း စစ်ရှောင်တွေ တောမှာ (၁)လလောက် ပိတ်မိနေတယ်ဆိုတဲ့ အကြောင်းလည်း မသိဘူးဆိုပြီးပဲ ပြောသွားတယ်။ အဲလိုနဲ့ (၁၄)ကြိမ် စစ်ဆေးပြီးပြီ ဖြစ်ပေမယ့် ဒီနေ့က စွဲချက် ပြန်တင်လိုက်တယ်။ ဒီလို မတရားမှုကို ပိုပို အားကြီးလာတဲ့အတွက် ကျမတို့ဘက်လည်း ပိုမိုပြီး ကြိုးစားသွားမှာပါ။"

လာမည့် ကြာသပတေးနေ့တွင် တရားခံ (၃)ဦးကို စတင် စစ်ဆေးမည်ဖြစ်ပြီး နောက်ဆက်တွဲ တရားခံများ၏ သက်သေများကိုလည်း စစ်ဆေးသွားမည် ဖြစ်ပါသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...