၂၀၁၂ မောင်တော တိုက်ခိုက်မှုနှင့် ၂၁၀၆ တိုက်ခိုက်မှု ဦးတည်ချက် ဗျူဟာ ကွဲပြားဟုဆို

၂၀၁၂ မောင်တော တိုက်ခိုက်မှုနှင့် ၂၁၀၆ တိုက်ခိုက်မှု ဦးတည်ချက် ဗျူဟာ ကွဲပြားဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း ယခု လက်ရှိ ဖြစ်ပွားနေသော တိုက်ခိုက်မှုနှင့် လွန်ခဲ့သော  ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို နှိုင်းယှဉ်ပါက တိုက်ခိုက်သူများ၏ ဦးတည်ချက် ဗျူဟာမှာ ပုံစံ မတူဘဲ ကွဲပြားနေသည်ဟု မောင်တော မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော် က ပြောကြား လိုက်သည်။

အောက်တိုဘာလ ၁၂ ရက် နေ့လယ်က ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် ဦးဆောင်သော အစိုးရအဖွဲ့နှင့် ရခိုင်တိုင်ရင်းသား ၂၀၀ ခန့် မောင်တောမြို့ သီရိမင်္ဂလာခန်းမတွင် တွေ့ဆုံစဉ် မောင်တော မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က  ထိုသို့ တင်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အခု အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကိစ္စဟာ ၂၀၁၂ က ဖြစ်စဉ်နဲ့ မတူပါဘူး။ ၂၀၁၂  ဒေသခံ တိုင်းရင်းသားတွေကို ပစ်မှတ်ထားတိုက်ခိုက်ပေမယ့် အခုတော့ လုံခြံုရေး တပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သေချာ လေ့လာသုံးသပ်ဖို့ လိုအပ်နေပါတယ်” ဟု ဦးလှထွန်းကျော်က ပြောဆိုသည်။

၎င်းပြင် ယခုတိုက်ခိုက်မှုသည် အစိုးရကို ဦးတည်ပြီး တိုက်ခိုက်သဖြင့် နိုင်ငံတစ်ခု ထူထောင်ဖို့ ခြေလှမ်း တစ်ခုဟု မြင်ကြောင်း သူက ပြောဆိုသည်။

“ သူတို့ရဲ့ ဘူးသီးတောင် မောင်တော အနည်းဆုံး နှစ်နေရာကို တိုက်ခိုက် သိမ်းပိုက်ပြီးတော့ နိုင်ငံ ထူထောင်မှုကို အကောင်အထည် ဖေါ်တဲ့ လုပ်ရပ်လို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။

Narin13

မောင်တောမြို့နယ်တွင် တရားဥပဒေစိုးမိုးမှုကို ရလိုပါက ဘင်္ဂလီကျေးရွာများကို ဌာနဆိုင်ရာ ၀န်ထမ်းများ အနေဖြင့် လွတ်လပ်စွာ  ၀င်ထွက်သွားလာခွင့်ရရန် လိုအပ်ကြောင်းလည်း ဦးလှထွန်းကျော်က တင်ပြသည်။

“ ဒေသရဲ့ ဥပဒေ စိုးမိုးရေးအတွက် အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ဆိုရင် နိုင်ငံတော် ဝန်ထမ်းတွေ အနေနဲ့ ဘင်္ဂလီ ကျေးရွာတွေ ကို ဘေးကင်း လုံခြံုစွာ ဝင်ထွက် သွားလာနိုင်ဖို့ လိုပါတယ်။ ဒေသလုံခြံုရေး အတွက် ဆောင်ရွက်မယ်ဆိုရင် ဘင်္ဂလီအကြမ်းဘက်သမား တည်ဆောက်ထားတဲ့ UG တွေနဲ့ ဝှက်ထားတဲ့ လက်နက်တွေကို ဖေါ်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်”  ဟု ဦးလှထွန်းကျော်က တွေ့ဆုံပွဲတွင် ပြောဆိုသည်။

အနောက် နယ်စပ်လုံခြံုရေးကို အကောင်အထည်ဖေါ်ဆောင်နိုင်ရန် နယ်စပ်တွင် တာဝန်ကျနေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ လစာကို လုံလောက်စွာပေးရန်လိုအပ်ကြောင်း တပ်အင်အား အပြည့် အဝနှင့် ခေတ်မီလက်နက်များကို တပ်ဆင်ပေးဖို့လိုအပ်ကြောင်း၊ ယခု စစ်ဆင်ရေးပြုလုပ် နေစဉ်ကာလ အတွင်းတွင်လည်း တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အတွက် ရိက္ခာ လစာနှင့် ခံစားခွင့်ကို အပြည့်အဝ ဖြည့်ဆည်း ပေးဖို့လိုအပ်ကြောင်း တင်ပြ ပြောကြားခဲ့သည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...