နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦးအား ဂုဏ်ပြုအခမ်းအနားဖြင့် သင်္ဂြ ိုလ်

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၉ ဦးအား ဂုဏ်ပြုအခမ်းအနားဖြင့် သင်္ဂြ ိုလ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောနယ်စပ်တွင် နယ်ခြားစောင့်စခန်း (၃)ခု တိုက်ခိုက်ခံရမှု၌ကျဆုံးသွားသည့် တပ်ဖွဲ့ဝင် ၉ ဦးအား ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့တွင် အခမ်းအနားဖြင့် ဂုဏ်ပြုသင်္ဂြ ိုလ်ခဲ့ကြောင်း သိရသည်။

ယနေ့  ညနေ ၄ နာရီခန့်တွင် မောင်တောသုဿာန်၌ သင်္ဂြိုလ်ခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားတွင် နိုင်ငံံတော်အလံနှင့် ကျဆုံးသွားသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများအား အလေးပြုကာ ခရာမှုတ်၍ ဂုဏ်ပြု သင်္ဂြ ိုလ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးနှင့် ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

ယခုကျဆုံးသွားသည့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ညဥ့် ၁ နာရီကျော်ခန့်က မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲဌာနချုပ်၊ ငခူရနယ်ခြားစောင့်စခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်စခန်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အကြမ်းဖက် သောင်းကျန်းသူများနှင့် ဒေသခံ ဘင်္ဂလီများ၏ ဝိုင်းဝန်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသူများဖြစ်သည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...