ယနေ့ ညနေ ၄ နာရီခန့်တွင် မောင်တောသုဿာန်၌ သင်္ဂြိုလ်ခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားတွင် နိုင်ငံံတော်အလံနှင့် ကျဆုံးသွားသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများအား အလေးပြုကာ ခရာမှုတ်၍ ဂုဏ်ပြု သင်္ဂြ ိုလ်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးနှင့် ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
ယခုကျဆုံးသွားသည့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ညဥ့် ၁ နာရီကျော်ခန့်က မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲဌာနချုပ်၊ ငခူရနယ်ခြားစောင့်စခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့်စခန်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အကြမ်းဖက် သောင်းကျန်းသူများနှင့် ဒေသခံ ဘင်္ဂလီများ၏ ဝိုင်းဝန်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသူများဖြစ်သည်။







