အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်မှ အိမ်ထောင်သည်လိုင်းခန်းအား အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ (၅) ဦးခန့်မှ ဌာနချုပ် အရှေ့တောင်ဘက်ကုန်းမှ လက်နက်ငယ်များဖြင့် လာရောက် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
လာရောက်ပစ်ခတ် တိုက်ခိုက်သည့် နေရာအား တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများသည် ၀ါးပိတ် ဘင်္ဂလီကျေးရွာမှ တစ်ဆင့် အရှေ့တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားသည်ဟု ဆိုသည်။
၀ါးပိတ်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းစဉ် ရွာအနီး ပုန်းခိုနေသည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ များသည် ကျေးရွာအား မီးရှို့ ထွက်ပြေးသွားသဖြင့် တပ်မတော် စစ်ကြောင်းက ၀ိုင်းဝန်း ကူညီ ငြိမ်းသတ်ပေးခဲ့သည်။
ကျေးရွာအတွင်း မီးလောင်မှုကြောင့် အိမ်ခြေ ၂၅ လုံးခန့် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။







