အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများ နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်အား ချောင်းမြောင်းပစ်ခတ်၊ အနီးရှိရွာအားမီးရှို့

အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများ နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်အား ချောင်းမြောင်းပစ်ခတ်၊ အနီးရှိရွာအားမီးရှို့
by -
နိရဥ္စရာ
ယနေ့ နံနက် ၁၀နာရီခန့်က  အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများသည် ကျီးကန်းပြင် အနီးရှိ  နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်အား ချောင်းမြောင်းပစ်ခတ်ခဲ့သည်ဟု ကကပြည်မှ ပေးပို့သော သတင်းတွင် ဖော်ပြသည်။

အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်မှ အိမ်ထောင်သည်လိုင်းခန်းအား အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ (၅) ဦးခန့်မှ ဌာနချုပ် အရှေ့တောင်ဘက်ကုန်းမှ လက်နက်ငယ်များဖြင့် လာရောက် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

လာရောက်ပစ်ခတ် တိုက်ခိုက်သည့် နေရာအား တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများသည် ၀ါးပိတ် ဘင်္ဂလီကျေးရွာမှ တစ်ဆင့် အရှေ့တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားသည်ဟု ဆိုသည်။

၀ါးပိတ်ကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းစဉ် ရွာအနီး ပုန်းခိုနေသည့် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ များသည် ကျေးရွာအား မီးရှို့ ထွက်ပြေးသွားသဖြင့် တပ်မတော် စစ်ကြောင်းက ၀ိုင်းဝန်း ကူညီ ငြိမ်းသတ်ပေးခဲ့သည်။

ကျေးရွာအတွင်း မီးလောင်မှုကြောင့် အိမ်ခြေ ၂၅ လုံးခန့် ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...