နေအိမ်သုံးသစ်များကို ဒေသအာဏာပိုင်၏ ညှိနှိုင်းမှုဖြင့် ထုတ်ယူခွင့်ပြုမည်

နေအိမ်သုံးသစ်များကို ဒေသအာဏာပိုင်၏ ညှိနှိုင်းမှုဖြင့် ထုတ်ယူခွင့်ပြုမည်
by -
ခူးစိုးရယ်ဦး
အိမ်သုံးသစ်များကို ၂၀၁၅ ခုနှစ်ကာလက ဖါးဆောင်းမြို့ သံလွင်မြစ်မှတဆင့် သယ်ယူနေကြစဉ်(ဓါတ်ပုံ-စိုင်းလင်းလင်းဦး)
အိမ်သုံးသစ်များကို ၂၀၁၅ ခုနှစ်ကာလက ဖါးဆောင်းမြို့ သံလွင်မြစ်မှတဆင့် သယ်ယူနေကြစဉ်(ဓါတ်ပုံ-စိုင်းလင်းလင်းဦး)

ဒေသခံအတွက် အိမ်သုံးသစ်များကို ဒေသန္တရအုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းပြီး ထုတ်ခွင့်ပြုမည်ဟု ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောသည်။

နိုင်ငံ၏ မူဝါဒအရ သစ်ထုတ်လုပ်ခွင့်များကို ပိတ်ထားသော်လည်း ဒေသခံပြည်သူများ အိမ်သုံးသစ်များ ထုတ်ယူလိုလျှင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ၊ ကျေးရွာဥက္ကဌတို့နှင့် တွေ့ဆုံတိုင်ပင်ရမည်ဖြစ်သည်။

သို့သော် သက်ဆိုင်ရာခွင့်ပြုချက်မရဘဲ စီးပွားရေးဖြစ် ထုတ်လုပ်နေပါက အရေးယူသွားရမည်ဟု ဝန်ကြီးက ပြောသည်။

ကယားပြည်နယ်အတွင်း တရားမဝင်စီးပွားဖြစ် သစ်ထုတ်လုပ်မှုများ ပပျောက်ရေး၊ မူဝါဒနှင့် အညီ လုပ်ကိုင်သူများကို ပံ့ပိုးပေးရေး၊ စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်သူများကို အားပေးနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် မြို့နယ်အလိုက် သစ်သယ်ယူသုံးစွဲမှုများနှင့်ပတ်သက်၍ သြဂုတ်လ တတိယအပတ်က လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများက နေအိမ်ဆောက်လုပ်ခြင်း၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုများ၌ အမှန်တစ်ကယ် လိုအပ်သော သစ်များသယ်ဆောင်ရာတွင် ဖမ်းဆီးအရေးယူမှု ခံနေရခြင်းကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စီမံဆောင်ရွက်ပေးလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

“သူတို့အိမ်ဆောက်ဖို့အတွက်ဆို သစ်ယူလို့ရတယ်၊ ကျွန်တော်တို့ နားလည်မှုနဲ့ ခွင့်ပြုပေးထားတယ်၊ ဒါပေမယ့် ခွင့်ပြုချက်စာတော့ မပေးနိုင်ဘူး”ဟု ဝန်ကြီး ဦးတီရယ်က ပြောသည်။

ပြည်သူများ နေအိမ်ဆောက်လုပ်ရန် သစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တောတွင်းရှိ ကိုင်းဖျားကိုင်းနားသစ်များကို ပြည်နယ်အစိုးရအဖွဲ့က စီမံခန့်ခွဲနိုင်ရေး ပြည်ထောင်စုသို့ တင်ပြတောင်းခံသွား မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပုံစံ(၈)ဝင် သစ်များ လေလံပစ်ရာတွင်လည်း တရားဝင်သစ်ခွဲစက်များ အားလုံး လေလံအောင်မြင်မှုရှိ/မရှိ၊ မည်သည့်သစ်များဖြင့် ခွဲစိတ်ဆောင်ရွက်နေသည်ကို စိစစ်ဖို့လိုကြောင်း သက်ဆိုင်ရာဝန်ကြီး နှင့် ပြည်နယ်သစ်တော ညွှန်မှူးတို့မှ အစီအမံများဖြင့် ပြန်လည်တင်ပြရန် ၎င်းက လမ်းညွှန်မှာကြားပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး များ၊ ပြည်နယ်/ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ စုံလင်စွာ တက်ရောက်ကြသည်။

Most read this week

KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...