မောင်တောမြို့နယ် ကိုင်းကြီး၊ သရေကုန်ဘောင်မှ ရဲစခန်းရုပ်သွား၍ ရွာသားများ မောင်တော(၃) မိုင်သို့ ထွက်ပြေး

မောင်တောမြို့နယ် ကိုင်းကြီး၊ သရေကုန်ဘောင်မှ ရဲစခန်းရုပ်သွား၍ ရွာသားများ မောင်တော(၃) မိုင်သို့ ထွက်ပြေး
by -
နိရဥ္စရာ
မောင်တောမြို့နယ် သရေကုန်ဘောင်နှင့် ကိုင်းကြီးကျေးရွာများမှ တိုင်းရင်းသား ကျေးရွာသားများသည် သရေကုန်းဘောင်တွင် တပ်စွဲထားသော ရဲကင်းစခန်းကို ရုပ်သွားရာမှ ယခု အခါ မောင်တော (၃) မိုင်သို့ ထွက်ပြေးလာကြကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ကားနှစ်စီးဖြင့် ထွက်ပြေးလာကြသူ ရွာသား အရေအတွက် လေးငါးဆယ်ရှိကြောင်း၊ အလယ်သံကျော်ဘက်မှ သေနတ်သံများကြား၍ ကြောက်ပြီး ထွက်ပြေးလာကြောင်း၊ ရွာတွင် ရှိနေသော ရဲသားများလည်း မရှိတော့သဖြင့် စိုးရိမ်ရရာမှ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ယနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် သရေကုန်ဘောင်မှ (၃) မိုင်သို့ ထွက်ပြေးလာသူ အမျိုးသမီး တစ်ဦးက နိရဥ္စရာသို့ ဖုန်းဆက်ပြောကြားသည်

သရေကုန်ဘောင်တွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ကိုင်းကြီးတွင် အိမ်ခြေ ရ၀ ကျော်ရှိပြီး ရွာသားများ အားလုံးထွက်ပြေးရန် စီစဉ်နေကြပြီး ရွာတွင် အခြေအနေ ဆူဆူညံညံ ဖြစ်နေကြောင်း သူမက ပြောကြားသည်။

သက်ဆိုင်ရာမှ အခြေအနေကို အမြန်ဆုံးထိန်းသိမ်းရန် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...