Published
Sunday, August 26, 2018
မြန်မာဘာသာ အစီအစဉ် (သြဂုတ်လ ၂၆၊ ၂၀၁၈)
မွန်ပြည်နယ်က လမိုင်းမြို့အနီးတစ်ဝိုက်မှာ ကောက်ခံနေတဲ့ လျပ်စစ်မီးဓါတ်အားခနှုန်းထားတွေဟာ ဒေသခံပြည်သူတွေအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် က ထောက်ပြပြောဆိုထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ စခန်းတွင်း စီမံခန့်ခွဲမှု အသုံးစရိတ် ထောက်ပံ့မှုတွေကို လျှော့ချခံခဲ့ရတဲ့အတွက် ဝန်ထမ်းပေါင်း တစ်ထောင်ကျော် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အခုနှစ် မတ်လကစလို့ သီးခြားတွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်နေပေမဲ့ လက်ရှိနောက်ဆုံးအခြေအနေတွေက ဘယ်ကိုရောက်နေပါပြီလဲ။






