ပုဒ်မ၅၀၅(ခ)(ဂ)ဖြင့် တရားစွဲဆိုခံရသည့် လူငယ်(၄)ဦးထဲမှနှစ်ဦး အာမခံဖြင့်ပြန်လည်လွတ်မြောက်

ပုဒ်မ၅၀၅(ခ)(ဂ)ဖြင့် တရားစွဲဆိုခံရသည့် လူငယ်(၄)ဦးထဲမှနှစ်ဦး အာမခံဖြင့်ပြန်လည်လွတ်မြောက်
by -
​နော်​​ဒွေးအယ်​ခူ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကရင်နီသမိုင်းကြောင်းအမှန်ကို လိုက်လံဖြန့်ဝေခြင်းနှင့် ဗိုလ်ချုပ်ကြေးရုပ် မတည်ဆောက်ရန် ကန့်ကွက်ကြောင်း နိုးဆော်စာဖြန့်ဝေခဲ့သည့် အတွက်ကြောင့် ပုဒ်မ၅၀၅(ခ)(ဂ)နှင့် တရားစွဲဆိုခြင်းခံရသည့် ကရင်နီလူငယ်(၄)ဦးကို သြဂုတ်လ ၂၃ရက်နေ့တွင် လွိုင်ကော်တရားရုံးမှ အာမခံပေးလိုက်သည်။

လူငယ်(၄)ဦးရှိသည့်အနက်မှ နှစ်ဦးသာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ကျန်သည့်လူငယ်မှာ အခြားမြို့နယ်များတွင်လည်း တရားစွဲဆိုခြင်းခံရသူများဖြစ်သည်။

ဒီမိုကရေစီခေတ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်မရှိဘဲ အစိုးရက သတ်မှတ်ထားသည့်သမိုင်းကိုသာ လက်ခံရခြင်းနှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်ထားခြင်း ခံနေရသည်​ဟု လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် ဖိလစ်စိုးအောင်က ဆိုသည်။

“နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေ နိုင်ငံရေးနဲ့ပတ်သက်ရင် ဟောပြောလို့မရအောင် နိုင်ငံရေးလုပ်လို့မရအောင် လုပ်ထားတဲ့ပုဒ်မဖြစ်တယ်။ ဒီပုဒ်မ ဥပဒေကို ကိုင်ပြီးတော့ အစိုးရကတက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကို ဖိနှိပ်တာပေါ့။ ဆိုတော့ ပထမဆုံးပြောလိုတာက ဒီမိုကရေစီခေတ်ကြီးထဲမှာ လူငယ်တွေက ဥပဒေအရ ဖိနှိပ်ခံနေရတယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် မြို့နယ်အလိုက် တရားရင်ဆိုင်သည့်အခါ အချုပ်ထဲမှ တရားစွဲဆိုခံနေရသောလူငယ်များကို တာဝန်ရှိပုဂ္ဂိုလ်တို့မှ တစ်ခါတစ်ရံ စုံလင်စွာ မခေါ်သွားသည့်အပေါ် တာဝန်ရှိသည့်ပုဂ္ဂိုလ်တို့မှာ အချင်းချင်း အချိတ်အဆက်မရှိသဖြင့် အမှုအတွက် အချိန်ကြန့်ကြာစေသည်​ဟု ဖိလစ်စိုးအောင်က သုံးသပ်ပြောဆိုသည်။

လွိုင်ကော်၊ ဒီမော့ဆို၊ ဖားဆောင်း၊ ဘောလခဲ စသည့်မြို့နယ်များ၌ အမှုရင်ဆိုင်သည့်အခါတွင်လည်း နားရက်မရှိ နေ့စဉ် တရားရုံးချိန်းသွားနေ ရသည့်အနေအထားမှာရှိနေသဖြင့် တောင်သူလယ်သမားသမဂ္ဂမှ ခူးတူရယ်က “တရားသူကြီးဘဲဖြစ်ဖြစ်၊ တရားရုံးဘဲဖြစ်ဖြစ်၊ လွှတ်တော်အနေနဲ့ဖြစ်ဖြစ်၊ အစိုးရအနေနဲ့ဖြစ်ဖြစ် အမှုအားလုံးကိုပေါင်းပြီး တစ်နေရာထဲမှာစုပြီး စစ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့” ဟု တောင်းဆိုလိုကြောင်း ပြောသည်။

ခွန်းသောမတ်စ်ကလည်း ကြေးရုပ်ကိစ္စသာ မရှိပါက ပဋိပက္ခတွေလည်း ရှိလာလိမ့်မည်မဟုတ်ကြောင်းပြောဆိုပြီး ကရင်နီသမိုင်းကြောင်း ဖြန့်ဝေသည့်စာတွေလည်း နိုင်ငံတော်အကြည်ညိုပျက်စေလိုသည့် အကြောင်းအရာမပါသလို လူမျိိုးစုတွေကြား ပဋိပက္ခဖြစ်စေနိုင်သည့် ကိစ္စလည်း မဟုတ်ကြောင်း ပြန်လည်ပြောဆိုထားသည်။

၎င်းက” ဆိုတော့ အဲဒီပဋိပက္ခကနေစပြီးတော့ ကျွန်တော်တို့ ကယားပြည်နယ်ရဲ့ ကရင်နီသမိုင်းအမှန်တွေကို လိုက်ဖြန့်ရခြင်းဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ဖြန့်တဲ့စာထဲမှာ နိုင်ငံတော်အကြည်ညိုပျက်တာလည်း မပါဘူး၊ လူမျိုးတစ်စုနဲ့တစ်စုအကြား ပဋိပက္ခဖြစ်စေတဲ့ကိစ္စလည်း လုံးဝမပါဘူးဆိုတာ အာမခံတယ်” ဟု ပြောဆိုထားသည်။

လာမည့် ၂၄ရက်နေ့တွင် ဖားဆောင်း၊ ၂ရရက်နေ့တွင် ဖရူဆို၊ ၂၈ရက်နေ့တွင် ​်ဒီမော့ဆို၂၉ရက်နေ့တွင်​ လွိုင်ကော်တရားရုံးနှင့် ၃ဝရက်နေ့တွင် ဘောလခဲ စသဖြင့် ရက်အသီးသီးတွင် တရားရုံးချိန်းများရှိကြောင်း သိရပြီး အာမခံမရသေးသည့်လူငယ်များအတွက်လည်း မြို့နယ်အလိုက် အာမခံရရှိအောင် ဆက်လက်ကြိုးပမ်းသွားမည်​ဖြစ်ကြောင်း သိရသည်။

Most read this week

KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...