မောင်တောသို့ တပ်မတော်စစ်ကြောင်းများ ရောက်ရှိ

မောင်တောသို့ တပ်မတော်စစ်ကြောင်းများ ရောက်ရှိ
by -
နိရဥ္စရာ
မောင်တောမြို့နယ်အတွင်းသို့ တပ်မတော်စစ်ကြောင်းများ၊ ရဲတပ်ဖွဲ့များ အငူမော်လမ်းမ တစ်ဆင့် မောင်တောမြို့သို့ ရောက်ရှိလာကြပြီ ဖြစ်သည်ဟု မောင်တောမြို့ ဗဟိုကျောင်းဆရာတော်က ပြောသည်။

“ အခုဘဲ အငူမော်ဘက်ကနေ ရဲတပ်တပ်ရင်းတွေ၊ တပ်မတော်က စစ်ကားတွေ အစီး နှစ်ဆယ်လောက်တက်လာတာကို မြင်ရပါတယ်။ အများကြီး တက််လာနေတာကို မြင်ရပါတယ်။ ခုဘဲ တက်လာနေပါတယ်” ဟု ဆရာတော်က ပြောသည်။

အမြောက်တပ်ရင်းများ၊ ခြေမြန်တပ်ရင်းများလည်း ပါ၀င်သည်ဟု ကြားသိရကြောင်း ဆရာတော်က ဆိုသည်။

မြေပြင် သတင်းအရ ကျေးရွာများ ၀င်ထွက်ခွင့်ကို ပိတ်ထားပြီး တပ်မတော် စစ်ကြောင်းများမှ ကျေးရွာအများအပြားကို ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောကြားသည်။

njr1201

ယနေ့ နံနက်မှ စပြီး အကြမ်းဖက် စီးနှင်း တိုက်ခိုက်သွားသူများ ခိုအောင်းနေသည်ဟု သံသယ ဖြစ်ရှိသော ဘင်္ဂလီကျေးရွာ ဖြစ်ကြသည့် မြို့သူကြီး၊ ပြင်ဖြူ၊ ၀ပိတ်၊ ကင်းချောင်း၊ အီတလယာ ကျေးရွာများကို ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်နေပြီး အနည်းဆုံး အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူ ဘင်္ဂလီ ၁၄ ဦးကို ဖမ်းမိသည်ဟု သတင်းများကဆိုသည်။

လက်ရှိ အချိန်တွင် မောင်တောမြို့သို့ အနောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် မာင်မောင်စိုး အပါအဝင် ပြည်ထဲရေး ဒုဝန်ကြီး၊ နယ်လုံဝန်ကြီးများလည်း ရောက်ရှိနေကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...