ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော အမှုဖြစ်ယာဉ်များ တရားရုံးက လေလံတင် ရောင်းချ

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော အမှုဖြစ်ယာဉ်များ တရားရုံးက လေလံတင် ရောင်းချ
by -
ခူးစိုးရယ်ဦး
သိမ်းဆည်းထားသော အမှုဖြစ်ယာဉ်များ တရားရုံးက လေလံတင် ရောင်းချနေစဉ်(ဓါတ်ပုံ-ခူးစိုးရယ်ဦး)
သိမ်းဆည်းထားသော အမှုဖြစ်ယာဉ်များ တရားရုံးက လေလံတင် ရောင်းချနေစဉ်(ဓါတ်ပုံ-ခူးစိုးရယ်ဦး)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ် တရားရုံးတို့တွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံထားရသော ယာဉ်များကို သြဂုတ်လ ၂၁ ရက်နေ့တွင် အိတ်ဖွင့်လေလံတင်ရောင်းချသည်။

ဒီးမော့ဆိုမြို့နယ်မှ သိမ်းဆည်းခံယာဉ် ၁၃ စီးနှင့် ဖရူဆိုမြို့နယ်တွင် ယာဉ်ပေါင်း ၅ စီး ဟု အိတ်ဖွင့်လေလံတင်ရောင်းချသွားမည်ဟု ဆိုသည်။

သိမ်းဆည်းခံယာဉ်များအား လေလံတင်ရောင်းချရန် စည်းကမ်းချက်များ ၆ ချက်ရှိသည့်အနက် အောက်ပါအချက်များကို ဖော်ပြပေးမည် ဖြစ်သည်။

လေလံဆွဲဝယ်ယူသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသား အသက် ၁၈ နစ်ပြည့်ပြီးသူ၊ လေလံတစ်ခုအတွက် စံဘော်ငွေ ၅၀၀၀၀ ကျပ်ကို ကြိုတင်ပေးသွင်းရန်၊ ၎င်းအများဆုံးတန်ဖိုး ပေးနိုင်သူအားရောင်းချပေးမည်၊ သတ်မှတ်ထားသည့် ကြမ်းခင်းစျေးထက် လေလံဆွဲဝယ်ယူလိုသူမှပေးသည့် စျေးနည်းနေလျှင် ရောင်ချပေးမည် မဟုတ်၊ ပစ္စည်းတန်ဖိုးကို ချက်ချင်းကျေလယ်ပေးသွင်းရန်နှင့် ပျက်ကွက်ပါက ၎င်းဝယ်ယူခွင့်ပျက်ပြယ်ပြီး ကြိုတင်ပေးသွင်းထားသည့်စဘော်ငွေကို သိမ်းဆည်းခြင်းခံရပါမည်ဖြစ်သည်ဟု လေလံအဖွဲ့မှ စည်းမျဉ်းထုတ်ထားသည်။

လေလံတင်ရောင်းချမည့် မော်တော်ဆိုင်ကယ် (လိုင်စင်ရှိ/မဲ့)များကို မျက်မြင်အခြေအနေအရသာ အိတ်ဖွင့်လေလံစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ပြီး တရားဝင်ယာဉ်မှတ်ပုံတင်ရရှိရေး၊ ယာဉ်သက်တမ်းတိုးရေးကိစ္စရပ်များအတွက်မူ လေလံဆွဲဝယ်ယူသူ အစီအစဉ်ဖြင့်သာ သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူ းဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်ဖြစ်သည်။

လွိုင်ကော်မြို့နယ် တရားရုံးမှ သိမ်းဆည်းခံထားရသော ယာဉ် ၇၃ စီးကိုု လေလံရောင်းချခဲ့ပြီးဖြစ်သည်။

အခြားမြို့နယ် ဖြစ်သော မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်တို့ကိုလည်း သိမ်းဆည်းခံထားရသော ယာဉ်များကို ဆက်လက်၍ ထပ်မံလေလံတင်ရောင်းချသွားမည်ဟု သိရသည်။

Most read this week

KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...