အဆိုပါကြေညာချက်တွင် မောင်တောမြို့နယ်အတွင်း ယမန်နေ့က နယ်ခြားစောင့်လုံခြံုရေးစခန်း ၃ ခု စီးနင်းတိုက်ခိုက်ခံရမှုနှင့် နယ်ခြားစောင့်ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်တချို့အား တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဝင်ရောက်စီးနင်းသတ်ဖြတ်ခဲ့မှုသည် မလိုလားအပ်သော အကြမ်းဖက်လုပ်ရပ်များ ဖြစ်စေသည်ဟု ဆိုထားသည်။
ယင်းဖြစ်စဉ်ကြောင့် နယ်စပ်ရှိ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ဘဝလုံခြံုရေးမှာလည်း စိုးရိမ်ဖွယ်ရှိိနေသည့်အတွက် ပြည်ထောင်စုအစိုးအနေဖြင့် ယင်းတို့၏ လုံခြံုရေးအတွက် စောလျင်စွာစီမံကာကွယ်ပေးရန် ရခိုင်အမျိုးသားပါတီက တိုက်တွန်းထားသည်။
“ဒီဖြစ်စဉ်ကြောင့် မောင်တောခရိုင်မှာရှိတဲ့ ကျွန်တော််တို့ ရခိုင်တိုင်းရင်းသားများနဲ့ တိုင်းရင်းသားမျိုးနွယ်စု ဝန်ထမ်းများရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေကို အလွန်တရာ စိုးရိမ်ပါတယ်။ ဘာ့ကြောင်းလဲဆိုရင် အရင်ကလည်း ဒီဘင်္ဂလီတွေရဲ့ ရန်ပြုခြင်းကိုခံရတဲ့ သက်သေသဓကတွေလည်းရှိပါတယ် ” ဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က နိရဥ္စရာသို့ ပြောသည်။
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်ရှိ ကျီးကန်းပြင် နယ်ခြားစောင့်တပ် ဌာနချုပ်အပါအဝင် ငခူရနယ််ခြားစောင့်စခန်းနှင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့်စခန်းတို့သည် အောက်တိုဘာလ ၉ ရက်နံနက် ၁ နာရီကျော်ကနေ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၈ ဦးကျဆုံးခဲ့ပြီး လက်နှက် ၆၀ကျော် ဆုံးရှုံးခဲ့ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ယခုဖြစ်စဉ်သည် တိုင်းရင်းသားပေါင်းစုံံ စုဝေးနေထိုင်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် တည်တံ့ခိုင်မြဲမှုကို လွန်မင်းစွာ ခြိမ်းခြောက်သော လုပ်ရပ်ဖြစ်သည်ဟုုလည်း ရခိုင်အမျိုးသားပါတီ၏ကြေညာချက်တွင်ဖော်ပြထားသည်။







