ရခိုင်နယ်စပ်တစ်လျှောက် တပ်မတော်အင်အား ပိုမိုဖြည့်တင်း

ရခိုင်နယ်စပ်တစ်လျှောက် တပ်မတော်အင်အား ပိုမိုဖြည့်တင်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် တစ်လျှောက်တွင် တပ်မတော်က အင်အား အကြီးအကျယ် ဖြည့်တင်းနေကြောင်း သိရသည်။

မောင်တောနယ်စပ်သို့ ရောက်ရှိနေသော နိရဥ္စရာ ဓာတ်ပုံ သတင်းထောက် ခိုင်ထူးမြတ်မှ တပ်မတော်အပြင် အထူးရဲတပ်ဖွဲ့ ၀င်များလည်း တပ်ရင်းအလိုက် မောင်တောမြို့နယ်သို့ ရောက်ရှိနေပြီကြောင်း၊ အောက်တိုဘာ ၁၀ရက် တွင် စစ်တွေမှ တပ်ဖွဲ့ဝင်အများအပြား အငူမော်လမ်းမှ ရောက်ရှိ လာသည်ဟု ပြောကြားသည်။

များမကြာမီ လက်နက်တိုက်ကိုဖောက်ပြီး လုယူသွားသူ အကြမ်းဖက်သမားများကို အပြတ်နှိမ်နှင်းရန် တပ်မတော်မှ ရည်ရွယ်ထားပုံရသည်ဟု သူက ပြောသည်။

ကျေးရွာ တစ်ရွာနှင့် တစ်ရွာအကြား အဆက်အသွယ်ဖြတ်ထားပြီး ဘင်္ဂလီကျေးရွာများကို အနီးကပ် စောင့်ကြည့်နေကာ နယ်စပ် တစ်လျှောက် လူအသွား အလာမှာ မရှိသလောက်ပင် ဖြစ်ကြောင်း မျက်မြင်များကပြောသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...