အစိုးရ​ကျောင်​းတွင်​ ကယားစာ​ပေဘာသာရပ်​ သင်​ကြားနိုင်​​ရန် TOT ဆရာဖြစ်​သင်​တန်​းပို့ချ

အစိုးရ​ကျောင်​းတွင်​ ကယားစာ​ပေဘာသာရပ်​ သင်​ကြားနိုင်​​ရန် TOT ဆရာဖြစ်​သင်​တန်​းပို့ချ
by -
ခူးစိုးရယ်​ဦး

ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့ ​နောင်​ယားရပ်​ကွက်​တွင်​ ကယားစာ​ပေနှင်​့ ယဉ်​​ကျေးမှုအဖွဲ့မှ တတိယအကြိမ်​TOT ဆရာဖြစ်​သင်​တန်​းပို့ချခဲ့သည်​။

အဆိုပါ TOT ဆရာဖြစ်​သင်​တန်​းသည်​ အစိုးရ​ကျောင်​းတွင်​ ကယားစာ​ပေဘာသာရပ်​ ပြန်​လည်​သင်​​ကြားနိုင်​ရန်​ပို့ချခဲ့သော သင်တန်းဖြစ်သည်​။

“ကျွ​န်​​တော်​တို့ ကယားစာ​ပေဘာသာရပ်​ကို စွမ်​းရည်​မြင်​့တင်​​ပေးနိုင်​ရန်​အတွက်​ ​ကျောင်​းမှာ အ​ဆင်​​ပြေ​ချော​​မွေ့​အောင်​ သင်​ကြားနိုင်​ဖို့ပဲ ဖြစ်​တယ်​ဟု” ကယားစာ​ပေနှင်​့ ယဉ်​​ကျေးမှု ​အတွင်​း​ရေးမှူး ခူးဖဲညွန်​့ရယ်​က ​ပြောသည်​။

ယင်​း​ကျောင်​းတွင် က​လေးငယ်​​များအတွက် လက်​ဆင်​့ကမ်​းသည့်အခါတွင်​ က​လေးငယ်​​များအားလုံး ​ကောင်​း​ကောင်​းမွန်​မွန်​ရရှိသွားနိုင်​ရန်​အတွက်​ ရည်​ရွယ်​ခြင်​းလည်​းဖြစ်​သည်​။ TOT ဆရာဖြစ်သင်တန်းတက်ရောက်ခြင်း မရှိသည့်ဆရာ/မများသည် လက်တွေ့ကျောင်းတွင် ကလေးငယ်များကို ကိုင်သွယ်သင်ကြားသည့်အခါ အခက်အခဲများရှိကြောင်း ခူးဖဲညွန်​့ရယ်​က ​ဆိုပါသည်​။

အဆိုပါ TOT ဆရာဖြစ်​သင်​တန်​း တက်​​ရောက်​ခြင်​းမရှိ​သော ဆရာ/မအချို့သည်​ ​နေရာ​ဒေသချင်​းမတူ၍ ​က​လေး​တွေကို သင်​ကြားပို့ချသည်​့အခါ ကယားစကားလုံး အ​ခေါ်အ​ဝေါ် ကွဲပြားလျက်​ရှိသည်​ဟု သိရသည်​။

“သင်​တန်​းပို့ချတာ အချိန်​မ​လောက်​ဘူး၊ သူတို့အတွက်​ မပြည်​့စုံ​သေးဘူးလို့မြင်​တယ်​ သို့​ပေမယ်​့ ဆရာ/မ​ကောင်​းဖြစ်​ကြဖို့ အ​ကောင်​းဆုံးနည်​းနဲ့ က​လေး​တွေသင်​ကြား​ပေးနိုင်​မှာလိို့ ​မျှော်​လင်​့တယ်​​ပေါ့”ဟု သင်​တန်​းပို့ချ​ပေးသူ ခူးဦးရယ်​ကပြောသည်​။

သင်​်​တန်​းတက်​​ရောက်​သူ ခူးပလဲရယ်​က “ကျွန်​​တော်​တို့သင်​ကြားတဲ့အခါမှ ​ပြောတဲ့စကားလုံးနဲ့ မတူကွဲပြားမှု​တွေ ကြုံ​တွေ့​နေရ​တော့ ​တော်​​တော်​​လေး ခက်​ခဲပါတယ်​”ဟု ၎င်းကပြောသည်​။

ယခင်​လတွင် TOT ဆရာဖြစ်​သင်​တန်​းကို သင်​ကြား​ပေး​ခဲ့သော သင်​တန်​းသူသင်​တန်​းသားများအား အစိုးရ​ကျောင်​းတွင်​ ၂၇ ဦး ခန်​့ထားခဲ့ပြီးဖြစ်​သည်​ဟု သိရသည်​။

၂၀၁၈ ခုနှစ်​တွင်​ အစိုးရ​ကျောင်​းတွင်​ ကယားစာ​ပေဘာသာရပ်​သင်​ကြားနိုင်​ရန်​အတွက်​ အစိုးရမှ ကယားစာ​ပေသင်​ကြားနိုင်​သည်​့ ဆရာ/မများ ထပ်​မံခန်​့ထားရန်ရှိသည်​ဟု သိရသည်​။ အဆိုပါ သင်​တန်​းကိုတက်​​ရောက်​သည်​့ လူဦး​ရေမှာ ၅ဝနီးပါးရှိပြီး သင်​တန်​းကာလသည် ၂၀၁၈ သြဂုတ်​လ ၁၇ ​နေ့မှ ၁၉ ရက်​​နေ့အထိ ဖြစ်​ကြောင်း သိရသည်​။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...