ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်အဋ္ဌမပုံမှန်အစည်းအဝေးကျင်းပမည်

ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်အဋ္ဌမပုံမှန်အစည်းအဝေးကျင်းပမည်

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးကို သြဂုတ် ၂၁ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယခု တစ်ကြိမ် လွှတ်တော် အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေး မူကြမ်းကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

၎င်းပြင် သူက “ ကျွန်တော်ကတော့ အဆို တစ်ခု တင်မလို့ စီစဉ်ထားပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အဆိုပါ။ ရခိုင်ပြည်နယ် ၁၇ မြို့နယ် မူးယစ်နွံထဲ ရောက် နေကြတဲ့ ရခိုင်အနာဂတ် လူငယ်တွေကို ကူညီကယ်ဆယ်ဖို့နဲ့ စီမံချက် တစ်ခု အနေနဲ့ ရေးဆွဲပြီး မူးယစ်ဆေးဝါးကို တားဆီးကာကွယ်ဖို့ အဆိုကို တင်သွားမှာပါ” ဟု ပြောကြားသည်။

၎င်းပြင် ယခုတစ်ကြိမ် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ကျောက်ဖြူခရိုင် မဒေးကျွန်း သံဇစ်မြစ် အပါအဝင် မြစ်တစ်ချို့တွင် ရေညစ်ညမ်းမှု ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မေးမြန်းသွားရန် ပြည်နယ် လွှတ်တော် တစ်ချို့အား အကြံပြုထားကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

“ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာက မေးခွန်းမေးခွင့်ရဖို့ စောင့်ရတာတွေ ရှိတဲ့ အတွက် သြဂုတ် ၂၁ ရက်နေ့ စတင်ကျင်းပမယ့် ပြည်နယ်လွှတ်တော်မှာတော့ သံဇစ်မြစ်အတွင်း ရေနောက်ကျိရတာနဲ့ ပတ်သက်ပြီး မေးခွန်း မေးမြန်းဖို့ အဆိုပြုထားပါတယ်” ဟု သူက ပြောကြားသည်။

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...