လွိုင်ကော်မြို့နေ MPT သုံးစွဲသူများကို သြဂုတ်လအတွင်း ၅၀ ရာခိုင်နှုန်း ပရိုမိုးရှင်းပေးမည်

လွိုင်ကော်မြို့နေ MPT သုံးစွဲသူများကို သြဂုတ်လအတွင်း ၅၀ ရာခိုင်နှုန်း ပရိုမိုးရှင်းပေးမည်
by -
ခူးစိုးရယ်ဦး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နေ့ MPT သုံးစွဲသူတွေကို သြဂုတ်လ ၃၁ ရက်နေ့အထိ အပိုဆု Bonous အဖြစ် ၅၀ ရာခိုင်နှုန်းပေးနေသည်ဟု သိရသည်။

ကယားပြည်နယ်က MPT သုံးစွဲသူတွေအတွက် MPT က ပေးထားတဲ့ Promotionရဲ့ ဝန်ဆာင်မှုကစ သိလာစေရန် ကျယ်ကျယ်ပြန့်ပြန့်သိလာအောင် ဆောင်ရွက်နေကြောင်း မြန်မာ့ဆက်သွယ်လုပ်ငန်း ဒုအရာရှိ ဦးသိန်းဟုတ်က ပြောသည်။

ကယားပြည်နယ်တွင် MPT မြေအောက်ကေဘယ်လိုင်းများ ထပ်မံတိုးချဲ့ရန် ရှိသည်ဟုလည်း သိရသည်။

Online Shopping အွန်လိုင်းကနေတဆင့် MPT-Bender productမှ မိမိလိုချင်သော ပစ္စည်းပို့ဆောင်မှုကဲ့သို့ ဝန်ဆောင်မှုများ ရယူနိုင်ရန်အတွက် ဆွေးနွေးနေကြပြီး MPT က  သြဂုတ်လ ၉ ရက်နေ့ လွိုင်ကော် Famous hotel တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။

“MPT ဟာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို နားဆွင့်တယ်၊ဘယ်နေရာမှာ လိုနေလဲ၊ လိုတဲ့နေရာတွေမှာ ကျနော်တို့ လိုက်ပြီးဖြည့်ဆည်းပေးတယ်” ဟု ဦးသိန်းဟုတ်က ပြောပါသည်။

ကယားပြည်နယ်မှာ MPT ကဒ် သုံးစွဲသောသူတွေ လိုင်းသုံးတဲ့ နေရာမှာဘဲ ဖြစ်ဖြစ် Mobile paga data ဘေလ်ဖြည့်ရင်လည်း အဆင်ပြင်အောင် အပိုဆု bonous ၅၀ ရာခိုင်နှုန်း ပေးသွားမည်ဟု ဦးသိန်းဟုတ် က ဆိုသည်။

လွိုင်ကော်မြို့အပါအဝင် မွန်ပြည်နယ်မှ ၄ မြို့နယ်၊ ကရင်ပြည်နယ်မှ ၆ မြို့နယ်၊ ပဲခူးတိုင်းမှ ၈ မြို့နယ်တို့က ၎င်းအစီအစဉ်ကို ခံစားရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လေဘေး ၊ရေဘေး စသည့် အန္တာရာယ်ကို ကြုံတွေ့နေရသည့် ပြည်နယ်နှင့်  တိုင်းဒေအချို့ရှိသည့်အနက် ၎င်းနေရာများကို MPT သုံးစွဲသူတွေအတွက် အခမဲ့ ၃၀ ရာခိုင်နှုန်းကို ရယူနိုင်ရန် ဝန်ဆောင်မှုပေးနေသည်ဟု သိရသည်။

ကယားပြည်နယ်သည်၌ MPT လိုင်း မရနိုင်သေးနေရာများကိုလည်း တာဝါတိုင်များ ထပ်မံထားရှိပေးမည်ဟု MPT အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ရိုစလင်းက ပြောသည်။

Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...