ဆရာကြီးဦးဦးသာထွန်း ကွယ်လွန်ခြင်း အထိမ်းအမှတ် စစ်တွေထောင်ထဲတွင် ပြုလုပ်မည်

ဆရာကြီးဦးဦးသာထွန်း ကွယ်လွန်ခြင်း အထိမ်းအမှတ် စစ်တွေထောင်ထဲတွင် ပြုလုပ်မည်
by -
စံမောင်သန်း

စစ်တွေထောင်ထဲတွင် ကွယ်လွန်ခဲ့ရသည့် ရခိုင်-မြန်မာပဏ္ဍိတ် ဦးဦးသာထွန်း ကွယ်လွန်ခြင်း (၂၈) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ခုကို ဆရာကြီးကွယ်လွန်သည့် နှစ်ပတ်လည်နေ့ သြဂုတ်လ ၁၄ ရက်နေ့တွင် စစ်တွေမြို့ အကျဉ်းထောင်တွင် ပြုလုပ်သွားမည်ဟု သိရသည်။

“ ရေစက်ချ အမျှပေးဝေခြင်း အစီစဉ်တစ်ခုကို ဆရာကြီးကွယ်လွန်ခဲ့တဲ့ စစ်တွေထောင်ထဲမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်” ဟု စာရေးဆရာဝေဟင်အောင်က ပြောကြားသည်။

သြဂုတ် ၁၃ ရက် နေ့ တွင် ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့ကို ၂၁ ကြိမ်မြောက် ရုံးထုတ်အပြီးတွင် မီဒီယာများကို သူက ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။

သူက “မနက်ဖန်[ သြဂုတ်လ ၁၄]တော့ ဆရာကြီးဦးဦးသာထွန်းနေ့၊ ရခိုင်သမိုင်းမှာ ဒီပုဂ္ဂိုလ်ဟာ တော်တော် အရေးကြီးတယ်။ လွန်ခဲ့တဲ့ ၂၈ နှစ်က ဆရာကြီး ဦးဦးသာထွန်းဟာ စစ်တွေထောင်ထဲမှာပဲ ဆုံးရှုံးခဲ့တယ်။ ဆရာကြီး ဆုံးရှုံးခဲ့တဲ့ နေရာကို ကျနော်တို့ ရောက်နေတယ်။ မနက်ဖန်တော့ ဆရာကြီးကို ရည်စူးပြီးတော့ ရေစက်ချ အမျှဝေမှု တစ်ခု လုပ်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ရုံးထုတ်သော  သြဂုတ် ၁၃ နေ့သည် (၅၁) နှစ်မြောက် ရခိုင်ပြည်ဆန်ပြဿနာ အရေးတော်ပုံနေ့နှင့် တိုင်ဆိုင်နေပြီး ယင်းသို့ တိုက်ဆိုင်မှု အပေါ်တွင်လည်း စာရေးဆရာ ဝေဟင်အောက်က အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့ကတော့ သြဂုတ် ၁၃ ရက်ပေါ့၊ လွန်ခဲ့တဲ့ ၅၁ နှစ်က ဒီနေ့မှာ မဆလ အစိုးရလက်ထက်မှာ ကျနော်တို့ ရခိုင်တွေဟာ စားစရာမရှိတော့ ဆန်သွားတောင်းတယ်။ တောင်းတာကို တစ်ပါတီအာဏာရှင်တွေက သေနတ်တွေနဲ့ ပစ်ပြီးတော့ ရခိုင်တွေကို ရက်ရက် စက်စက် အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့တဲ့ နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြီး ဖြစ်နေတယ်”ဟု ၄င်းကပြောသည်။

၂၁ ကြိမ်မြောက် ရုံးချိန်းတွင် ယခင်အပတ်က စစ်၍ မပြီးစီးခဲ့သော စာရေးဆရာ ဝေဟင်အောင် ဟောပြောချက်အသံဖိုင်နှင့် ဒေါက်တာအေးမောင်၏ ဟောပြောချက် အသံဖိုင်များကို စစ်ဆေးခဲ့ရာ အသံဖိုင်စစ်ဆေးမှု ပြီးစီးသွားပြီဟု သိရသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အမှုအတွက် နောက်တစ်ပတ် ၂၂ ကြိမ်မြောက် ရုံးချိန်းကို သြဂုတ်လ ၂၇ ရက်နေ့ကို သတ်မှတ်လိုက်ကာ နှစ်ဘက်ရှေ့နေများက စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက် ပေးရမည်ဖြစ်ပြီး ၂၃ ကြိမ်မြောက် ရုံးချိန်းတွင် စွဲချက်တင်သင့် မတင်သင့် အမိန့်ချမှတ် သွားမည်ဟု သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...