ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာပုံ

ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာပုံ

၁၉၅ဝခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့သည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဥက္ကဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေ နှင့် အပေါင်းပါတို့ တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း အာဇာနည်ဆန်စွာ ကျဆုံးသွားရသည့်နေ့ ဖြစ်သည်။ စောဘဦးကြီးကို ဧရာဝတီတိုင်းရှိ ပုသိမ်မြို့မှ မိုင် ၄ဝခန့်ကွာဝေးသော “ဘဲဂယက်”ရွာ၌ ၁၉၀၅ခုနှစ်က မွေးဖွားခဲ့ဖြစ်ပြီး ဖခင်မှာ စောသာမြတ်ကြီး ဖြစ်သည်။ သူသည် ကေအဲန်ယူ ဥက္ကဌ ဖြစ်လာပြီးနောက် မကျဆုံးမီ အမျိုးသားညီလာခံကို ၁၉၅ဝခုနှစ်၊ ဇူလိုင်လ ၁ရရက်မှ ၁၉ရက်နေ့အထိ ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် ဦးဆောင်ကျင်းပခဲ့သည်။ ထိုညီလာခံ၌ ဘဦးကြီးမူ လေးချက်ကို တရားဝင် ရေးသားခဲ့ပြီး ၎င်းအချိန်က မော်ချီးရှိ ကော်သူးလေ အသံလွှင့်ဌာနမှ ကြေညာလေသည်။

၎င်းမူ (၄)ချက်မှာ …….

၁။ လက်နက်ချစကား အလျဉ်းမပြောရ

၂။ ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်

၃။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်

၄။ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်

မူ(၄)ချက်ကို ကြေညာပြီးနောက် စောဘဦးကြီးသည် အရေးကြီးကိစ္စဖြင့် ကော့ကရိတ်ဘက်ဆင်းသွားခဲ့သည်။ တာဝန်ကို လေးစားခြင်း၊ မိမိအမျိုးသားများကို ယုံကြည်ခြင်းများကြောင့် တပ်စိပ်တစိပ်နှင့် မိုးသည်ထန်စွာ ရွာသွန်းကာ ချောင်းရေကြီးသည့် အချိန် ခရီးဆက်ခဲ့ရာ နဘူးမြို့နယ်၊ ထို့ကော်ကိုးရွာသို့ရောက်သော် ထီးစွမ်းရွာသား မောင်အဲသည် ကောင်းစွာ ကြိုဆိုသယောင် နှင့် သတင်းတိကျစွာယူ၍ နဘူးမြို့ ရှိ ရန်သူတပ်ကို သွားရောက်သတင်းပေးသဖြင့် ဥက္ကဌ စောဘဦးကြီးနေသည့်တဲမှာ ညအ ချိန် မိုးထဲရေထဲ ၀ိုင်းထားခံခဲ့ရသည်။ ထို့နောက် နံနက်ဝေလီဝေလင်းအချိန်တွင် အတင်း တိုက်ခိုက်လေရာ ဥက္ကဌ စောဘဦးကြီး တို့မှာ အင်အားနည်းသော်လည်း အညံ့မခံဘဲ ပြန်လှန်ခုခံတိုက်ခိုက်ရင်း အသက်ပေးလှူသွားခဲ့ရသည်။

ရန်သူကို လက်မမြှောက် အရှုံးမပေးဘဲ ရဲရင့်ပြတ်သားစွာ အပြန်အလှန် ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်စွာ ကျဆုံးခဲ့သော သြဂုတ် လ (၁၂)ရက်နေ့ကို ကရင့်အမျိုးသား အာဇာနည်နေ့ဟု သတ်မှတ်လျှက် ယနေ့ထိတိုင် ဂုဏ်ပြုခဲ့ကြသည်။

February 13, 2026
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါလေ၊ ‌‌မင်းလက်ပံနှင့်ဖလူးဒေသမှ တိုက်ပွဲကြောင့်...
February 12, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆၊ ဒူးပလာယာခရိုင်အတွင်း စစ်အုပ်စု၏...
February 11, 2026
ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ်ရှိ သူးမွဲခီးစာသင်ကျောင်းတွင်ဖွင့်လှစ်ထားသည့် Kawthoolei Art...
February 10, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ ဖလူးဒေသသို့ စစ်အုပ်စုက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA...