ပင်လောင်းမြို့နယ်က ဆင်ဖျက် ငှက်ပျောခြံများ လျှော်ကြေး ပြန်မရသေး

ပင်လောင်းမြို့နယ်က ဆင်ဖျက် ငှက်ပျောခြံများ လျှော်ကြေး ပြန်မရသေး
by -
ခွန်းကလိုင်းဖရီး
ဆင်ဖျက်ထားသည့် ငှက်ပျောခင်း (ဓါတ်ပုံ- ဦးစောမြတ်လှိုင်)
ဆင်ဖျက်ထားသည့် ငှက်ပျောခင်း (ဓါတ်ပုံ- ဦးစောမြတ်လှိုင်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ သပြေကုန်းအုပ်စု၊ တောင်ကျကျေးရွာ၏ တောင်သူများ စိုက်ပျိုးထားသည့် ငှက်ပျောပင်များကို မြန်မာ့သစ်ထုတ်လုပ်ရေးပိုင် ဆင်များက ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ပျက်စီးမှုအတွက် ခြံပိုင်ရှင်များက သီးနှံလျှော်ကြေး သြဂုတ်လ ၈ရက်နေ့အထိ မရရှိသေးပေ။

တောင်ကျကျေးရွာအနီးတွင်ရှိသော မြန်မာ့သစ်ထုတ်လုပ်ရေးစခန်း၏ ဆင်များက ဒေသခံတောင်သူ (၆) ဦး စိုက်ပျိုးထားသည့် ငှက်ပျောစိုက်ပျိုးခင်းများထဲသို့    ဇူလိုင်လ ၅ ရက်နေ့တွင်  ဝင်ရောက်ဖျက်စီးခဲ့ခြင်းဖြစ်သည်။

ဆင်များဝင်ရောက်မှုကြောင့် စိုက်ပျိုးထားသည့် ဌက်ပျောပင်အရုံ ၅၀ ခန့်ပျက်စီးခဲ့ပြီး ခြံပိုင်ရှင်များက သက်ဆိုင်ရာ တာဝန်ရှိသူထံ အကြောင်းကြားထားပြီး တစ်လနီးပါးရှိလာပြီဖြစ်သော်လည်း အကြောင်းမထူးသေးကြောင်း ခြံရှင် ဦးစောမြတ်လှိုင်က ပြောသည်။

“ကျွန်တော် ဖုန်းဆက်ခေါ်လိုက်လို့ ဆင်ဦးစီးတော့ လာတယ်။ သူလာကြည့်ပြီးတော့ သူအလွယ်ပြောသွားတာက ၁၀ ရက်လောက်တော့ စောင့်ပေးပေါ့။ အခုက ၁၀ ရက်မပြောနဲ့ တစ်လလည်းကျော်သွားပြီ။ လုံးလုံးလည်း လာလည်းမကြည့်ဘူး။ ပြောလည်းမပြောဘူး။ အဲဒါနဲ့ ကျနော်လည်း တင်းသွားတယ်” ဟု ၎င်းက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှ ဌက်ပျောပင်များကို ဆင်များဝင်ရောက်ဖျက်စီးပါက တစ်ပင်ကို ကျပ် ၁၀၀၀ နှုန်းသတ်မှတ်ထားပြီး ယခုကဲ့သို့ ပျက်စီးသွားသည့် ဌက်ပျောပင်များအတွက် လျှော်ကြေး ပြန်ရရှိလိုကြခြင်းဖြစ်သည်။

ဦးစောမြတ်လှိုင်က “အခိုင်အနေနဲ့ရော ဒီတိုင်းဖျက်စီးတာတွေရောပေါ့။ သူ့ရဲ့ တန်ရာတန်ကြေးလောက် သဘောမျိုးဆိုရင် နည်းနည်းဖြေသာသေးတာပေါ့။ အခုက ယာခင်းလည်း အဖျက်ခံရသေးတယ်။ လာလည်းမကြည့်တော့ နည်းနည်းတော့ စိတ်တိုတာပေါ့” ဟု ဆိုသည်။

မြန်မာ့သစ်ထုတ်ရေးစခန်းမှ ၄င်းတို့၏ ဆင်များကို စည်းကမ်းတကျထားစေချင်ကြောင်း ငှက်ပျောခြံပိုင်ရှင် တောင်သူများက ဆန္ဒရှိနေသည်။

၄င်းဒေသရှိ တောင်သူများ၏ စိုက်ပျိုးခင်းများထဲသို့ ဆင်များ မကြာခဏဝင်ရောက်ဖျက်ဆီးတတ်ပြီး ယခင်နှစ်ကလည်း  ဆင်များဝင်ရောက်ဖျက်စီးမှုကြောင့် တောင်သူများ၏ နနွင်းခင်း၊ စပါးခင်းနှင့် ယာတဲများ ပျက်စီးမှုများ ရှိခဲ့သည်။

Most read this week

September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...