၈၈၈၈ ပုလဲရတု အထိမ်းအမှတ် လွိုင်ကော်တွင် ပြုလုပ်၊ မော်ကွန်းကျောက်တိုင် စိုက်ထူမည်

၈၈၈၈ ပုလဲရတု အထိမ်းအမှတ် လွိုင်ကော်တွင် ပြုလုပ်၊ မော်ကွန်းကျောက်တိုင် စိုက်ထူမည်
by -
မူအက်စတာ
၈၈၈၈ မော်ကွန်းကျောက်တိုင်တည်ထားရန် လျာထားသောမြေနေရာ(ဓါတ်ပုံ-မော်ကွန်းကျောက်တိုင်ဖြစ်မြောက်ရေးကော်မတီ)
၈၈၈၈ မော်ကွန်းကျောက်တိုင်တည်ထားရန် လျာထားသောမြေနေရာ(ဓါတ်ပုံ-မော်ကွန်းကျောက်တိုင်ဖြစ်မြောက်ရေးကော်မတီ)

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နာရီစင်အနီးရှိ အ သုံးလုံးကျောက်တိုင်အနီးတွင် ၈၈၈၈ ကျောက်တိုင်ကို တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

"တစ်ပါတီအာဏာရှင်စနစ်ကို တွန်းလှန်နိုင်ခဲ့တဲ့ နေ့ရက်က အခုဆိုရင် နှစ် ၃၀ ပြည့်ပြီ၊ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် လုပ်ဆောင်ခဲ့ကြတယ်၊ ၈၈၈၈ စိတ်ဓာတ်ကို မျိုးဆက်သစ်လူငယ်တွေကို သိစေချင်တယ်၊ မျိုးဆက်သစ်တွေကိုလည်း ဒီစိတ်ဓာတ်တွေ မွေးစေချင်တယ် ˝ ဟု ကယားပြည်နယ် (၈၈﴿မျိုးဆက်ပြည်သူ့အင်အားစုမှ ဦးသက်နောင်ထွန်းက ပြောသည်။

တစ်ပါတီအာဏာရှင်စနစ်ကို တွန်းလှန်နိုင်သည့် နေ့ရက်ကို အစွဲပြုပြီး ၈၈၈၈ အရေးတော်ပုံဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း ၃ဝ တိုင်ပြီဖြစ်သည်။

ယနေ့ သြဂုတ်လ (၈﴿ ရက်နေ့တွင် ကျရောက်သည့် ၈၈၈၈ အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံစုပေါင်းပြီး နံနက် (၆းဝဝ﴿တွင် လွိုင်ကော်မြို့ခရစ်တော်ဘုရင် ကာသီဒြယ်တွင် စုပေါင်းကာ မစ္ဆားတရားတော်နာယူခဲ့သည်။ ဆက်လက်ပြီး ဥတ္တရာရုံကျောင်းတိုက်တွင် ကုသိုလ်ပြု၊ ရဟန်းရှင်လူများကို ဆွမ်းကပ် လှူဒါန်းမှုပြုခဲ့သည်။

လွိုင်ကော်မြို့တွင် ၈၈၈၈ မော်ကွန်းကျောက်တိုင်တည်ဆောက်ရန် လွန်ခဲ့သည့် ၂ နှစ်ကတည်းက ပြည်နယ်အစိုးရသို့ တောင်းခံခဲ့ရာ ယခုနှစ်မှ ခွင့်ပြုခဲ့သည်။ မော်ကွန်းကျောက်တိုင်ကို လာမည့်ကာလအနည်ငယ်အတွင်း တည်ဆောက်သွားမည်ဟု ဆိုသည်။

၈၈၈၈ မော်ကွန်းကျောက်တိုင်ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ပထမဦးဆုံးတည်ဆောက်ခဲ့ပြီး၊ ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ဒုတိယတည်ခဲ့သည်။  တတိယမြောက် ဖြစ်လာမည့် အဆိုပါ ကျောင်တိုင်ကို လွိုင်ကော်နာရီစင်အနီး အသုုံးလုုံးအထိမ်းအမှတ်ပန်းခြံတွင် တောင်ကြီးမြို့၌ တည်ထားသည့် ပုံစံတူအတိုင်း တည်ဆောက်မည်ဖြစ်သည်။

စစ်မှန်သော ဒီမိုကရေစီစနစ်၏ အကျိုးဇူးတို့ကို အပြည့်အဝမခံစားရသေးသော မြန်မာနိုင်ငံသားတို့သည် သူတို့လိုလားသော ဒီမိုကရေစီအနှစ်သာရအတွက် ဆက်လက်တိုက်ပွဲဝင်နေမည်ဖြစ်သလို မိမိတို့အနေဖြင့်လည်း မပြီးပြတ်သေးသော ဒီမိုကရေစီတော်လှန်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး၊ အကြမ်းမဖက် နိုင်ငံရေးစသည် နည်းလမ်းမျိုးစုံဖြင့် ပန်းတိုင်မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ကို သံဓိဋ္ဌာန်ချမှတ်ထားကြပြီးဖြစ်သည်ဟု နိုင်ငံတကာရောက် (၈၈﴿မျိုးဆက် ပြည်သူ့အင်အားစုမှ ၈၈၈၈ ဒီမိုကရေစီတော်လှန်ရေး၏ သမိုင်းဝင်ဝိသေသဂုဏ်ကို မှေးမှိန်ညိုးနွမ်းအောင် မပြုလုပ်ကြရန် သြဂုတ်လ ၄ရက်၊ ၂ဝ၁၈ရက်စွဲပါ ကြေညာချက် ထုတ်ပြန်ထားသည်။

September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...