စစ်တွေ-ကျေးတောမှ အမျိုးသမီးတစ်ဦး ၁၂ ပေအရှည်ရှိ စပါးကြီးမြွေ အကိုက်ခံရ

စစ်တွေ-ကျေးတောမှ အမျိုးသမီးတစ်ဦး ၁၂ ပေအရှည်ရှိ စပါးကြီးမြွေ အကိုက်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်မှ အသက် (၇၅) အရွယ် အမျိုးသမီးကြီး တစ်ဦးသည် စက်တင်ဘာ၈ ရက် နံနက်က  စပါးကြီးမြွေတစ်ကောင် အကိုက်ခံခဲ့ရသည်ဟု သိရသည်။

မြွေကိုက်ခံရသူ အမျိုးသမီးကြီးမှာ  စစ်တွေမြို့နယ် ကျေးတောရွာမှ ဒေါ်လှမိုး ဖြစ်ပြီး ယာဘက်နား နောက်ဘက်တွင် အပေါက် (၅) ခု ပေါက်သွားသည်ဟု ကာယကံရှင် အမျိုးသမီးကြီးမှ  နိရဥ္စရာသတင်းဌာန ပြောဆိုသည်။

“ကျွန်မ ငါးခြောက်အိတ်ခွံ တစ်ခုရှာဖို့ ကြက်မ ပေါက်နေတဲ့ နေရာကို နံနက် ၅ နာရီလောက်က သွားကြည့်တဲ့ အခါ အပေါ်အိမ်ခန်းက နေပြီးတော့ မြွေက ကျွန်မကို ကိုက်လိုက်တာဖြစ်ပါတယ်။ ယာဘက်နား နောက်ဘက်မှာ ၅ ပေါက်လောက် ပေါက်သွားပါတယ်။ စပါးကြီးမြွေဆိုတော့ ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး”ဟု ဒေါ်လှမိုးကို ပြောသည်။

IMG20161008095315 1

မြွေကိုက်ခံရသဖြင့်  အနီးအနားရှိ ရွှေပြည်သာ ကျေးရွာ ဆေးခန်းတွင် သွားပြရာ ကိုက်သောမြွေသည် အဆိပ်ပြင်းသည့် မြွေအမျိုးအစား မဟုတ်သောကြောင့် အဆိပ်ဖြေဆေးတစ်လုံး ထိုးပေးပြီး သောက်ဆေးများ ပေးကာ ပြန်လွှတ်လိုက်သည်ဟု သူမက ပြောဆိုသည်။

သူမအားကိုက်သည့်မြွေမှာ စပါးကြီးမြွေအမျိုးအစားဖြစ်ပြီး၊ အလျား ၁၂ ပေနှင့် လုံးပတ် တစ် ပေခန့် ရှိကြောင်း၊ ၄င်းမြွေကို ရွာသားများက ၀ိုင်းဖမ်းဆီးပြီး မြစ်ကမ်းစပ်တွင် ကြိုးဖြင့်ချည်နှောင်ထားကြောင်းနှင့် ၄င်းမြွေသည်  မြစ်ကမ်းစပ်မှ တက်လာသည်ဟု ယူဆရကြောင်း အိမ်သားများက ရှင်းပြသည်။

ကျေးတောပိုက်ဆိပ်တွင် စပါးကြီးမြွေမျိုးကို အရင်က မတွေ့ဖူးကြောင်း၊ မြွေကိုက် ခံရသူလည်း မရှိဖူးကြောင်း ရွာသားများက ပြောသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...