မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေမှုသည် အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖျက်လို ဖျက်ဆီး လုပ်နေရာရောက်ဟု ဆို

မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်နေမှုသည် အစိုးရ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖျက်လို ဖျက်ဆီး လုပ်နေရာရောက်ဟု ဆို
by -
နိရဥ္စရာ
မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေမှုများသည် အစိုးရ၏ မြန်မာနိုင်ငံ အငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖျက်လိုဖျက်ဆီးလုပ်နေရာ ရောက်ကြောင်း တိုက်ပွဲများ ရပ်တန့်ရေး လှုပ်ရှားမှုပြုလုပ်သည့် လူငယ်များက ဆိုသည်။

အောက်တိုဘာလ ၈ ရက် ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေး၊ လက်နက်ကြီး ထိမှန်သေဆုံးခဲ့သည့် ကလေးငယ်အတွက် တရားမျှတမှု အမြန်ဆုံးပေါ်ပေါက်ရေး ဆန္ဒ ထုတ်ဖော်ပွဲ ပြုလုပ်စဉ် ကိုထက်အောင်လင်းက နိရဥ္စရာသို့ ထိုသို့ ပြောဆိုသည်။

NJR1001

“တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့စစ်တပ်ဟာ အပြန်အလှန်ယုံကြည်မှုအားနည်နေသေးတယ်လို့ မြင်ပါတယ်။ မြန်မာ့တပ်မတော်က တိုင်းရင်သားဒေသတွေကို ထိုးစစ်ဆင်နေမှုတွေဟာ လက်ရှိ အစိုးရလုပ်နေတဲ့ ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်နေတယ်လို့ မြင်ပါတယ်”ဟု သူက ဆိုသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်ကလဲ  “ခုလို တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်နေတာကတော့ ငြိမ်းချမ်းရေးကို မလိုလားကြောင်း ပြသနေသလို အားနည်းသူကို အားကြီးသူက အနိုင်လိုချင်တဲ့ အရင်စိတ်ဓါတ်တွေ မကုန်သေးဘူးလို့လည်း မြင်ပါတယ်”ဟု နိရဥ္စရာသို့ ဆိုသည်။

NJR1002

ယနေ့ ရန်ကုန်တွင် ပြုလုပ်သည့် တိုက်ပွဲများရပ်တန့်ရေး ဆန္ဒဖော်ထုတ် လှုပ်ရှားပွဲသို့ တိုင်းရင်းသား ပေါင်းစုံ လူငယ်အဖွဲ့အစည်း ၃၀ ခန့် ပူးပေါင်း ပါ၀င်ခဲ့ပြီး  ပြည်တွင်း စစ်ရပ်တန့်ရေး အတွက် ဟောပြောခြင်းများ၊ ဆုတောင်းပွဲများ၊ ကဗျာရွက်ဆိုခြင်းနှင့် ဓါတ်ပုံပြပွဲများ ပြုလုပ်ကာ စစ်၏ ဆိုးကျိုးများကိုလည်း သရုပ်ဖော် ပြသမှုများ ပြုလုပ်ခဲ့ကြသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...