လွိုင်ကော်-ရှားတောလမ်း ပြုပြင်နေ၊ နေ့စဉ် အချိန်အကန့်အသတ်ဖြင့် လမ်းပိတ်မည်

လွိုင်ကော်-ရှားတောလမ်း ပြုပြင်နေ၊ နေ့စဉ် အချိန်အကန့်အသတ်ဖြင့် လမ်းပိတ်မည်
by -
ခူးစိုးရယ်ဦး
ယမန်နှစ်က လွိုင်ကော်-ရှားတောလမ်းပိုင်းတစ်နေရာအား လမ်းချဲ့ထွင်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်(ဓါတ်ပုံ-စိုင်းလင်းလင်းဦး)
ယမန်နှစ်က လွိုင်ကော်-ရှားတောလမ်းပိုင်းတစ်နေရာအား လမ်းချဲ့ထွင်ခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်(ဓါတ်ပုံ-စိုင်းလင်းလင်းဦး)

ကယားပြည်နယ်၊ လွိုင်ကော်- ပွန်ချောင်း-ရှားတောလမ်း၏ ပွန်ချောင်းကျေးရွာအလွန် စာတန်းကွေ့မှ ကျွဲခေါင်းတောင်အထိ လမ်းပိုင်းတွင် လမ်းချဲ့ထွင်လျက်ရှိသဖြင့် ခရီးသွားများ အန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကြိုတင်ကာကွယ်ရန် ယင်းလမ်းပိုင်းကို ဇူလှိုင်လ၂၃ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်အထိ နေ့စဉ်အချိန်အကန့်အသတ်ဖြင့် လမ်းပိတ်သွားမည်ဖြစ်ကြောင်း ရှားတောမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

အဆိုပါ လမ်းအပိုင်းရှိ ကျောက်တောင်ကြီးများနှင့် မြေသားတောင်များကို စက်ယန္တရားကြီးများ၊ ကျောက်မိုင်းခွဲကိရိယာဖြင့် အသုံးပြုပြီး လမ်းချဲ့ထွင်နေသည်။ လမ်းပိတ်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ဖြစ်သည်။

“လုပ်ငန်းမှာလည်း တွင်ကျယ်အောင်၊ ခရီးသွားတွေလည်း အန္တရာယ်ကင်းအောင် အခုလို အချိန်အကန့်အသတ်နဲ့ လမ်းပိတ်ထားတာကောင်းပါတယ်။ လမ်းပိတ်ချိန်ကာလထက် ကျော်ရင်တော ့ သွားလာရေးအဆင်ပြေချော့မွေ့အောင် လမ်းရှင်းပေးထားမှာ ဖြစ်ပါတယ်။”ဟု ရှားတောမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်ဇော်အောင်က ပြောသည်။

ယခုအခါ လမ်းကျဉ်းမြောင်းသဖြင့် သွားလာရေးခက်ခဲသည့် လွိုင်ကော်-ပွန်ချောင်း-ရှားတောလမ်း၏ ရှားတောမြို့နယ်အတွင်းရှိ လမ်းပိုင်းကို ၃၄ပေ အကျယ်လမ်းဖြစ်ပေါ်လာစေရန် လမ်းချဲ့ထွင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

၂၀၁၇ ခုနှစ် ဧပြီလမှ ယခုနှစ် မတ်လအထိ ပွန်ချောင်းကျေးရွာအထွက်မှ စာတန်းကွေ့အထိ အရှည်လေးမိုင်ကို လမ်းချဲ့ထွင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီးနောက် ယခု စာတန်းကွေ့မှ ကျွဲခေါင်းတောင်အထိ ၃မိုင်၄ဖာလုံအရှည်ကို စက်ယန္တရားကြီးများ၊ ကျောက်မိုင်းခွဲကိရိယာများဖြင့် လမ်းချဲ့ထွင်ခြင်းလုပ်ငန်းများ လမ်းချဲ့ထွင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ပြီးစီးပါက ကျန်ရှိသည့် ကျွဲခေါင်းတောင်မှ တာတမော့အထိ လမ်းပိုင်းကို ဆက်လက်ဆောင်ရွက်ရန်ရှိကြောင်း ရှားတော့မြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

သီရိဒါးကျေးရွာနေ တောင်သူ ဦးဆော်ရယ်က“လမ်းပြင်ပေးတဲ့ သွွားလာရတဲ့အခါဆို လမ်းကျယ်သွားမယ်ဖြစ်ပြီး အန္တရာယ်ကင်းခြင်းလည်းဖြစ်တယ် သာမက ဆက်သွယ်ရေးလမ်းကြောင်းလည်း မြန်ဆန်ကောင်းမွန်လာမယ် ဒါဟာ ကောင်းပါတယ်၊ တစ်ဖက်က တကယ်လို့ တပတ်ကျော်လောက် လမ်းပိတ်သွားမယ်ဆိုရင် ရှားတောနှင့် လွိုင်ကော်အကြား ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ စီးပွားရေးကဏ္ဍပိုင်းမှာ ကျန့်ကြာမှုတွေ ရှိလာနိုင်တဲ့အတွက် ပြည်သူတွေအတွက် စုုိးရိမ်ရပါတယ်။”၎င်းကဟု ပြောသည်။

ထို့နောက် လမ်းချဲ့ထွင်ခြင်း လုပ်ငန်းအပေါ် ပြည်သူများအတွက် ကောင်းကျိုးရလာနိုင်မည်ဖြစ်သော်လည်း ယင်းလုပ်ငန်းသည် တဟ်ပတ်ခန့် ကြာမြင့်နိုင်သဖြင့် ပြည်သူအချို့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အရေးပေါ်အခြေအနေမျိုးတွင် မသွားလာနိုင်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

“ ပိတ်တယ် ဆိုတာက သူတို့ သတ်မှတ်ထားတဲ့ အချိန်နှင့်ညီအောင်တော့ ခဏသာ သွားလာရင် ပိုကောင်းမယ်”ဟု ကေအန်ပီပီ ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်က ပြောသည်။

၄င်းတို့ လုပ်ငန်းမဆောင်ရွက်မီ ဒီဇင်ဘာလမကုန်မီထိ လုပ်ဆောင်စေလိုကြောင်း၊ သို့သော် အချိန်အကန့်အသတ်ဖြင့်သာ ပိတ်သွားမည်ဖြစ်သည့်အတွက် အခက်မကြုံနိုင်ကြောင်း ခူးညေးရယ်က ဆက်ပြောသည်။

သီရိဒါးကျေးရွာမှ စုစလောင်းကျေးရွာ၊ ဒေါဝယ်ရောကျေးရွာတို့တွင် လမ်းဖောက်ရန် ဘတ်ဂျက်လျာထားသော်လည်း မဖြစ်မြောက်သည့်အတွက် ယင်းဘတ်ဂျက်အစား ကျွဲခေါင်းတောင်လမ်းပိုင်းသို့ စီမံကိန်းပြောင်းရွှေ့သွားခဲ့ကြောင်း သိရသည်။

Most read this week

September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...