၁၁ ထပ် အမြင့် ကြယ် ၄ ပွင့်အဆင့်ရှိ ဟိုတယ် လွိုင်ကော်တွင် တည်ဆောက်နေ

၁၁ ထပ် အမြင့် ကြယ် ၄ ပွင့်အဆင့်ရှိ ဟိုတယ် လွိုင်ကော်တွင် တည်ဆောက်နေ
by -
မူအက်စတာ
ကြယ် ၄ ပွင့်အဆင့် ဖြစ်လာမည့် ဟိုတယ်၏ ပုံစံအကြမ်း(အရင်းအမြစ်-ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန)
ကြယ် ၄ ပွင့်အဆင့် ဖြစ်လာမည့် ဟိုတယ်၏ ပုံစံအကြမ်း(အရင်းအမြစ်-ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက်တွင် 4 Star အဆင့်ရှိ အဆင့်မြင့်ဟိုတယ် တည်ဆောက်နေကြောင်း ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ပြောသည်။

̏ အဆင့်က ကြယ်လေးလုံးအဆင့်ထိရှိတဲ့ ဟိုတယ်ဆောက်မယ်ပြောပါတယ်၊ ဒါပေမယ့် သူတို့ဆောက်ပြီးမှ သတ်မှတ်လို့ရမယ်ပေါ့၊ နိုင်ငံတော် သမ္မတအဆင့်ထိ တည်းလို့ရမယ့်ဟိုတယ်ဖြစ်ပြီး ရေကူးကန်တွေ၊ အခန်းတွေပါမယ်ဆိုတော့ 4 Star ဟိုတယ်ပေါ့။ အဆင့်သတ်မှတ်ချက်တွေကတော့ အကုန်ပြီးစီးမှ သတ်မှတ်ပေးပါမယ်˝ဟု ဦးလင်းဇော်ထွဋ်က ပြောသည်။

ယခုဟိုတယ်တွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း( ကျပ်သန်းပေါင်း ၆ ထောင်ခန့်﴿ ရင်းနှီးမြှပ်နှံမည်ဖြစ်ပြီး၊ Myanmar New Ray Co,Ltd မှ တာဝန်ယူတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းကာလမှာ ၂ဝ၁၇ ဒီဇင်ဘာမှ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလထိဖြစ်ပြီး ၂ဝ၂ဝ တွင် ဖွင့်လှစ်ရန် မျှော်မှန်းထားသည်။

ကယားပြည်နယ်တွင် အကြီးဆုံးဖြစ်လာမည့် ၎င်းဟိုတယ်ကို မော်ချီးခဲသတ္တုထုတ်လုပ်ရောင်းချရေးကုမ္ပဏီဖြစ်သည့် ရဲထွဋ်ကျော်ကုမ္ပဏီက အဓိက ရင်းနှီးမြှုပ်နှံထားသည်။

̏ ရှယ်ယာဝင်သူတွေက အဓိက ရဲထွဋ်ကျော်တစ်ခုပဲ နာမည်ထည့်ထားပါတယ်၊ ကျန်သူတွေက ပြည်တွင်း/ပြည်ပ ဘယ်သူတွေပါလဲတော့ မသိပါဘူး။˝ဟု ဦးလင်းဇော်ထွဋ်က ပြောသည်။

ဟိုတယ်တည်ဆောက်ရန် ရှယ်ယာဝင်အမည်ပေါက်များမှာ ရဲထွဋ်ကျော်ကုမ္ပဏီတစ်ခုတည်းဖြစ်ပြီး အခြားမည်သူများ ပါဝင်သည်ကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။

လူဦးရေ ၆ဝဝ ဆံ့ ခန်းမကြီးနှင့် အခန်းပေါင်း ၈ဝ ခန်း၊ ဧည့်သည် ၂ဝဝ နီးပါး တပြိုင်တည်း တည်းခိုနိုင်မည့် အဆင့်မြင့်ဟိုတယ်သည် သမ္မတပင် တည်းခိုနိုင်မည်ဖြစ်သည်။

ကယားပြည်နယ်တွင် ယခုနှစ်ပိုင်းအတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာသည်။ ၂၀၁၇ ခုနှစ်ထိ လွိုင်ကော်တွင် ဟိုတယ် ၁၈ လုံး အခန်း ၃၈၄ ခန်းအထိ ရှိလာပြီဖြစ်သည်။

Most read this week

KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...