ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး လူထုဦးဆောင်ပါက အကူညီပေးမည်ဟု ကယားဝန်ကြီးချုပ်ပြော

ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး လူထုဦးဆောင်ပါက အကူညီပေးမည်ဟု ကယားဝန်ကြီးချုပ်ပြော
ကယားပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ဇူလိုင် ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို ပြောကြားနေစဉ်။
ကယားပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ဇူလိုင် ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို ပြောကြားနေစဉ်။

ကာလအတန်ကြာ ကန့်ကွက်မှုများ ကြုံခဲ့ပြီးနောက် ပြည်နယ်အစိုးရဦးဆောင်သည့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီကို ဖျက်သိမ်းလိုက်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ကြေညာသည်။

သို့သော် ကြေးရုပ်ထားရှိရေး လူထုက ဦးဆောင်စီစဉ်ပါက ပံ့ပိုးပေးရန် အသင့်ရှိကြောင်း ၎င်းက တလက်စတည်း ပြောသည်။

“အစိုးရဦးစီးပြီးမှမလုပ်တော့ဘူး။ ကော်မတီကို အစိုးရအနေနဲ့ဖျက်သိမ်းလိုက်ပြီ။”ဟု ကယားပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ဇူလိုင် ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်နေသည့် ကရင်နီလူငယ်ထုနှင့် အစိုးရအဖွဲ့၊ ဒေသအခြေစိုက် ပရဟိတအဖွဲ့များတို့  ဇူလိုင်လ ၂၀ ရက်နေ့ အစောပိုင်းက တွေ့ဆုံခဲ့ရာက လူထုအခြေပြုအဖွဲ့အစည်းများက ယင်းအစီအစဉ်ကို ဦးဆောင်လိုကြောင်း အဆိုပြုခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ယင်းဆုံးဖြတ်ချက်သည်လည်း လူမှုကူညီရေး ပရဟိတအသင်းကဲ့သို့ လူထုအခြေပြုအဖွဲ့နှင့် ကန့်ကွက်သူများအကြား စိတ်ဝမ်းကွဲမှုများ ပိုမိုဖြစ်လာစေနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။ ယင်းအစီအစဉ်က လူထုအကြား ထိတ်တိုက်တွေ့မှု ပိုဖြစ်နိုင်မည်ဟု မှတ်ချက်ပေးသူများလည်း ရှိနေသည်။

ကျပ်သိန်း ၈၀၀ ကျော် ကုန်ကျမည့် ဗိုလ်ချုပ်ကြေးရုပ်အတွက် ငွေများကို ပြည်သူလူထုက ပါဝင်လှူဒါန်းထားပြီး ထပ်မံလိုအပ်သည့် ငွေများကို ပြည်နယ်အစိုးရ၏ ပိုလျှံရန်ပုံငွေမှ ကျခံသုံးစွဲသွားမည်ဟု သတင်းစားရှင်းလင်းပွဲအတွင်း သတင်းထောက်များ၏ မေးခွန်းကို ဖြေကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ထားရှိရန် ပြည်နယ်အစိုးရက လွန်ခဲ့သည့် ၆ လကတည်းက ဆုံးဖြတ်ခဲ့ပြီးနောက် ဒေသအခြေစိုက် လူငယ်နှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့့နှင့် ပြည်နယ်အစိုးရတို့အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

ဇူလိုင်လဆန်းတွင် ကရင်နီပြည်သမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်အားကန့်ကွက်ကြောင်း စာရွက်ဖြန့်ဝေမှုနှင့် လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖေါ်ခဲ့အပြီ တက်ကြွလှုပ်ရှားသူ လူငယ် ၄ ဦး အကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရပြီး လူငယ် နှစ်ဒါဇင်ခန့် တရားစွဲဆိုခံနေရသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...