ALP ယူနီဖောင်းဝတ်ဆင်မှုနှင့် ဟောပြောပွဲများကို တားဆီးရန် ညွှန်ကြား

ALP ယူနီဖောင်းဝတ်ဆင်မှုနှင့် ဟောပြောပွဲများကို တားဆီးရန် ညွှန်ကြား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဘိုဘိုမင်းသိုက်မှ မြောက်ဦးမြို့နယ် အတွင်း အစိုးရနှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ယူထားသော ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ အဖွဲ့ဝင်များ ယူနီဖောင်း ၀တ်ဆင်သွားလာမှုနှင့် လူထု အစည်အဝေးများပြုလုပ်ခြင်းကို တားဆီးရန် စက်တင်ဘာလ ၂၉ ရက်နေ့က စာအမှတ် ၁၄၇/၃/၃-၁/ ဦး ဖြင့် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

ညွှန်ကြားချက်ထဲတွင် “ ALP အဖွဲ့များအနေဖြင့် နယ်မြေအတွင်းခွင့်ပြုချက်ရယူခြင်းမရှိဘဲ ယူနီဖောင်းဝတ်ဆင်၍ သွားလာခြင်း၊ လူထုတွေဆုံဟောပြောပွဲများပြုလုပ်ကာ တပ်မတော်အပေါ်တွင် ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အသုံးအနှုန်းများ ဖြင့် လှုံဆော်စည်းရုံးမှုများ ပြုလုပ်လျက်ရှိပါကြောင်း သိရသဖြင့် လတ်တလော တုန့်ပြန် ဆောင်ရွက်နိုင်ရန် ဆန့်ကျင်ဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများသတင်းထုတ်ဖော်ပြခြင်းများကို နည်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ALP အပါအဝင် ဆန့်ကျင်ဘက် အဖွဲ့များ၏ ဥပဒေမဲ့လှုပ်ရှားသွားလာမှုများ၊ ဟောပြောမှုများကို အချိန်မီ သတင်းရယူ တားဆီး ဆောင်ရွက် သွားရန် ရည်ညွန်းပါစာဖြင့် အကြောင်းကြားလာမှုအ ပေါ် သိရှိလိုက်နာဆောင်ရွက်သွားရန် အကြောင်းကြား ပါသည်” ဟု ပါရှိသည်။

FB IMG 1475637806412အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ တွဲဘက်အတွင်းရေးမှူး ခိုင်အောင်စောသန်းအား ဆက်သွယ်မေးမြန်းရာ “ ကျွန်တော်ဘက် လူကြီးပိုင်းက မရှိပါဘူးခင်ဗျား။ တစ်ခုရှိတာက လူငယ်ပိုင်း ရဲဘော်တွေက ရခိုင်ပြည် အနှံ့သွားနေကြတော့ တစ်ခါတစ်လေတော့ သုံးယောက် တစ်စု၊ လေးယောက်တစ်စု သွားပြီးတော့ ပါတီက ပေါ်လစီလည်းကောင်း ၊ မူဝါဒ သော်လည်းကောင်း ချပြပေးတာမရှိလဲ သူတို့ စိတ်ထင်တိုင်းပြောတာတွေရှိပါတယ်။ အဲသလိုမျိုးတော့ ရှိနေပါတယ်” ဟု ပြောဆိုသည်။

ယခုကဲ့သို့ ပြောဆိုမှုများကို နောင်နောင် ပါတီ လမ်းစဉ် အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဟောပြောပွဲများ နောက်နောင် ပြုလုပ်မည်ဆိုပါ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းများကို အကြောင်းကြားပြီး  ခွင့်ပြုချက်တင်ပြီး ပြုလုပ်ရန်နှင့်  NCA လက်မှတ်ထိုးထားသဖြင့် NCA လမ်းကြောင်းက မသွေမဖယ် ရအောင် လမ်းညွှန်ပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ရဲဘော်တစ်ချို့၏ အရပ်သားဆန်ပြီး ပြောချင်တာကို ကောက်ပြောခြင်းများရှိ၍ ယခုလို အခက်အခဲများ ရှိလာကြောင်း ပြောဆိုသည်။

“ယူနီဖောင်းကိစ္စကတော့ ပြည်နယ်အဆင့် လက်မှတ်ထိုးတဲ့အခါ ဒီအချက် မပါ၀င်ပါဘူး။ အစပိုင်းတော့ ကျွန်တော်တို့ ၀တ်ပါတယ်။ နောက်ပိုင်း သူတို့ဘက်က တားမြစ်လာတာတွေရှိပါတယ်။ ဒီလို ပြဿနာကြောင့် NCA ကိုတော့ ထိခိုက်စရာ မရှိပါဘူး။ စာချုပ်မှာပါတဲ့ အတိုင်း နှစ်ဦးနှစ်ဘက် ပြဿနာ ပေါ်လာရင် ဆွေးနွေးသွားဖို့ အဲသလို ဆုံးဖြတ်ထားတာ ရှိတဲ့ အတွက် ထိခိုက်စရာတော့ မရှိပါဘူး” ဟု ခိုင်အောင်စောသန်းက ပြောသည်။

ညွှန်ကြားစာနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ လွန်ခဲ့သော မြောက်ဦး ဘုရားပေါ် ဘုန်းတော်ကြီးပျံပွဲတွင် ALP ရဲဘော် အချို့က ယူနီဖေါင်းဝတ်ဆင်၍ လာသဖြင့် ပြဿနာ ပေါ်ပေါက်ခဲ့ကြောင်း၊ သို့အတွက် နောက်နောက် ယူနီဖောင်း ၀တ်၍ မလာရန်နှင့် သူတို့(ALP) ကလည်း သဘောတူထားကြောင်း၊ လောလောဆယ်တွင် ALP ရဲဘော်များ ယူနီဖောင်းဝတ်၍ လာရောက်ခြင်း မရှိသလို ဟောပြောပွဲ ပြုလုပ်ခြင်းလည်း မရှိကြောင်း တာဝန်ကျ ရဲအရာရှိက နိရဥ္စရာသို့ ပြောဆိုသွားသည်။

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...