မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရခိုင်ပြည်နယ်)၏ အလုပ်အမှုဆောင်အသစ်ရွေးချယ်

မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရခိုင်ပြည်နယ်)၏ အလုပ်အမှုဆောင်အသစ်ရွေးချယ်
by -
မာန်ယုကျော် (ရွှေဝမြေ)

မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရခိုင်ပြည်နယ်)၏ အလုပ်အမှုဆောင်အသစ်ကို ဇူလိုင်လ ၇ ရက်နေ့၊ နေ့လယ် ၂ နာရီက စစ်တွေခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

ယင်းသို့ရွေးချယ်ရာတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရခိုင်ပြည်နယ်)၏ နာယကများ အဖြစ် ဦးကောင်းစံရှီ (ကျွန်းသားငမန်း)နှင့် ဦးခင်မောင်ဝင်း (ခင်မောင်ဝင်း – စစ်တွေ)၊ ဥက္ကဋ္ဌအဖြစ် ဦးဇော်ဝင်းဌေး (ဧကရာဇ်)၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဦးစောမြင့် (လေးဝတီထွန်းစောခိုင်)၊ အတွင်းရေးမှူးအဖြစ် ဦးကျော်အေးသိန်း (မာန်ယုကျော် – ရွှေဝမြေ)၊ တွဲဘက်အတွင်းရေးမှူးအဖြစ် ဒေါ်စမ်းစမ်းအောင် (တော်ဝင်သဇင်)တို့ကို တက်ရောက်လာသူများက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

“ကျနော်အခုလို ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။ ကျနော့်ကို ရွေးချယ်တင်မြှောက်ပေးတဲ့အတွက် ဝမ်းသာရပါတယ်။ ကျနော်တို့သတင်းသမားတွေမှာက စိန်ခေါ်မှုတွေအများကြီးနဲ့ပါ။ ဂျာနယ်တွေဆိုရင်လည်း ရပ်၊ သတင်းဌာနတွေဆိုရင်လည်း ပိုက်ဆံကမရှိနဲ့ ရုန်းကန်နေကြရပါတယ်။ ဒါတွေကိုကျော်လွှားနိုင်ဖို့အတွက် ကျနော်တို့ ဘာလုပ်ရမလဲ။ ဒါတွေကို ကျနော်တို့ ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့လိုပါတယ်”ဟု ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ဦးဇော်ဝင်းဌေး (ဧကရာဇ်)က ပြောသည်။

အမှုဆောင်အသစ်ရွေးချယ်ခံရသူများတွင် လူငယ်ပိုင်းမှ များနေခြင်းမှာ အသင်း၏ လုပ်ဆောင်ချက်များကို တက်တက်ကြွကြွလုပ်ဆောင်ပေးနိုင်ရန်အတွက် လူငယ်များကို ဦးစားပေးရွေးချယ်တင်မြှောက်ရခြင်းဖြစ်ကြောင်း ယခင်ဥက္ကဋ္ဌဟောင်း ဦးကောင်းစံရှီ (ကျွန်းသားငမန်း)က ဆိုသည်။

အမှုဆောင်သစ်များကို အသင်းဝင်သက်တမ်း ၃ နှစ်ပြည့်ထားသူများထဲမှ ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရခိုင်ပြည်နယ်)ကို ၂ဝ၁၁ ခုနှစ်မှစတင်ကာ ပြည်နယ်တွင်းရှိ သတင်းမီဒီယာသမားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...