ဒေါက်တာအေးမောင်၏သား ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင် အမှတ်(၂) ပြည်နယ်လွှတ်တော်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်

ဒေါက်တာအေးမောင်၏သား ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင် အမှတ်(၂) ပြည်နယ်လွှတ်တော်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်
ဒေါက်တာအေးမောင်၏ သား ဦးတင်မောင်ဝင်း(ဓာတ်ပုံ- ကိုကျော်ဇောဦး)
ဒေါက်တာအေးမောင်၏ သား ဦးတင်မောင်ဝင်း(ဓာတ်ပုံ- ကိုကျော်ဇောဦး)

ပုဒ်မ ၃ ခုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သူ့အနေဖြင့် တသီးပုဂ္ဂအနေဖြင့် ပါဝင်ယှဉ်ပြိုင်ရန် စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံ ဇူလိုင် ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် လျှောက်လွှာတင်သွင်းခဲ့သည်ဟု သိရသည်။

စစ်တွေ ခရိုင်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးခင်မောင်ဦးက “ ဟုတ်ပါတယ်။ ဒေါက်တာ အေးမောင်ရဲ့သား ဦးတင်မောင်ဝင်းက ဒီကနေ့ မွန်းလွဲပိုင်းမှာ လစ်လပ်နေတဲ့ ရသေ့တောင်မြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော် နေရာကနေ တသီးပုဂ္ဂ ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာ လာတင်သွားပါတယ်” ဟု နိရဥ္စရာသို့ ပြောဆိုသည်။

ဦးတင်မောင်ဝင်းမှာ အသက် (၃၁) နှစ်ရှိပြီ ဖြစ်ပြီး ဒေါက်တာအေးမောင်၏ အကြီးဆုံးသား ဖြစ်ကြောင်း သိရသည်။

ပါတီတည်ထောင်ခွင့် တင်ထားသည့် အဖရခိုင်ပါတီ လျှောက်ထားသူများအနက် ပါဝင်သူ တစ်ဦးဖြစ်ကြောင်း၊ ပါတီတည်ထောင်ခွင့်မရသေးသဖြင့် လောလောဆယ်တွင် တစ်သီးပုဂ္ဂလ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

သူရွေးကောက်ပွဲဝင်ရန် လျှောက်လွှာတင်သွင်းခြင်းနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ယနေ့ အချိန်ထိ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်တွင် သူတစ်ဦးတည်းသာ လာရောက်လျှောက်ထားသေးသည်ဟု စစ်တွေခရိုင် ရွေးကောက်ပွဲ အရာရှိ ဦးခင်မောင်ဦးက ပြောကြားသည်။

“ ANP ရော၊ NLD နဲ့ USDP ပါတီတွေက ဒီနေ့ထိတော့ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်တာ မရှိသေးပါဘူး ” ဟု သူက ပြောကြားသည်။

လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်း ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်မြေ တစ်နေရာ လစ်လပ်လျက်ရှိနေကြောင်း သိရှိရသည်။

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...