ဘူးသီးတောင်မြို့နယ်တွင် သန်းချီရှိသော စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

ဘူးသီးတောင်မြို့နယ်တွင် သန်းချီရှိသော စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ
(ဓာတ်ပုံ- ရဲဇာနည်)
(ဓာတ်ပုံ- ရဲဇာနည်)

ရခိုင်ပြည်နယ် ဘူးသီတောင် မြို့နယ်တွင် ဇူလိုင်လ ၄ ရက်နေ့က အရေအတွက် သန်းနှင့်ချီရှိသော စိတ်ကြွဆေးပြားများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

“ ဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေကို ဘူးသီးတောင်မြို့နယ်ရဲ့ တောင်ဘက် လိုင်ရှည်ပြင် ကျေးရွာ အနီး စိမ်းညင်းပြားချောင်းဝ လမုတောထဲမှာ ရပ်ထားတဲ့ လှေတစ်စီးပေါ်ကနေ ပိုင်ရှင်မဲ့ဖမ်းမိတာ ဖြစ်တယ်လို့ သိရပါတယ်။ ညောင်ချောင်းနယ်ခြားစောင့် တပ်က ဖမ်းမိတာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ အပိုင်နယ်မြေမဟုတ်တာကြောင့် အဲဒီကို မေးပါ” ဟု ဘူးသီးတောင်မြို့မ ရဲစခန်းမှူးက ပြောကြားသည်။

ဆေးပြားများမှာ WY နှင့် R စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား(၁၉၅)ပြားစီ ပါရှိသည့် အထုပ်ပေါင်း ၈၂၀၀ ထုပ်၊ အရေအတွက်မှာ စုစုပေါင်း စိတ်ကြွဆေးပြား ၁၅၉၉၀၀၀ ပြား ဖြစ်ကြောင်း၊ အလေးချိန် (၁၅၉.၉) ကီလိုဂရမ်ရှိကြောင်း၊ တန်ဖိုးမှာ ငွေကျပ် (၃,၁၉၈,၀၀၀,၀၀၀) ဖြစ်ကြောင်း သိရှိရသည်။

ညောင်ချောင်းနယ်ခြားစောင့် ရဲစခန်းသို့ ဆက်သွယ်ရာ ဆေးပြားများ ဖမ်းမိခြင်းမှာ မှန်ကန်ကြောင်း၊ ၎င်းဆေးပြားများကို နယ်ခြားစောင့်တပ်ဖွဲ့ တစ်ခုမှ ဇူလိူင် ၄ ရက် နံနက် ၈ နာရီခန့်တွင် သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အသေးစိတ် အချက်အလက်များကို မေးမြန်းရာ ဖုန်းလိုင်းအခက်အခဲကြောင့် အသံမကြည်လင် သဖြင့် မေးမြန်းနိုင်ခြင်းမရှိပါ။

၎င်းဆေးပြားများကို အရှည်(၃၂)ပေခန့်၊ အနံ(၅)ပေခန့်၊ ရေစူး(၂)ပေခန့်ရှိ အင်ဂျင် စက်ဖြုတ်ထားသော လောင်းလှေတစ်စင်းအား မိုးကာဖြင့် အုပ်ထားသည်ကို မသင်္ကာဖွယ် တွေ့ရှိ ရာမှ ဖမ်းမိခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...