မဲသုံးပုံနှစ်ပုံမရ၍ ရခိုင်စီမံ/ဘဏ္ဍာဝန်ကြီးကို စွပ်စွဲပြစ်တင်သည့်အဆို ရှုံးနိမ့်

မဲသုံးပုံနှစ်ပုံမရ၍ ရခိုင်စီမံ/ဘဏ္ဍာဝန်ကြီးကို စွပ်စွဲပြစ်တင်သည့်အဆို ရှုံးနိမ့်
by -
စံမောင်သန်း

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း အား လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးမှ စွပ်စွဲ ပြစ်တင်ထားသည့် အဆိုကို ဇွန်လ ၂၉နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်တွင် မဲခွဲရာ လိုအပ်သည့် မဲ သုံးပုံ နှစ်ပုံကို မရရှိသဖြင့် အဆိုမှာ ရှုံးနိမ့်သွားကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၉နေ့တွင် မဲခွဲဆုံးဖြတ်ရာတွင် မဲပေးသူ အရေအတွက် ၄၄ ဦးရှိပြီး အဆိုထောက်ခံမဲ ၂၅ မဲ ရရှိပြီး ကန့်ကွက်မဲ ၉ မဲနှင့် ပယ်မဲ ၁၀ မဲ ဖြစ်ကြောင်း သိရသည်။

“ မဲက သုံးပုံနှစ်ပုံရမှ အဆိုက နိုင်မှာပါ။ နောက်ထပ် ၆ မဲလောက်လိုပါတယ်။ စုစုပေါင်း ၃၁ မဲရမှ နိုင်မှာပါ။ အခုက ၂၅ မဲဘဲ ရတဲ့ အတွက် အဆိုတင်သွင်းသူဘက်က ရှုံးနိမ့်သွားပါတယ်” ဟု မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း သည် စီမံကိန်းများကို အကောင်အထည်ဖော်ဆောက်ရွက်ရာတွင် ဥပဒေအရ အပ်နှင်း ထားသော တာဝန်များကို ကျေပွန်အောင် မထမ်းဆောင်နိုင်သည်ဟု ဆိုကာ ပြစ်တင် စွပ်စွဲသည့် အဆိုကို ရခိုင် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ပြည်နယ် လွှတ်တော်တွင် တင်သွင်းခဲ့သည်။

၎င်းနောက် NLD သံတွဲ မြို့နယ် ပြည်နယ် လွှတ််တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေး ဦးဆောင်သည့် (၅) ဦးပါ စုံစမ်း စစ်ဆေးရေး ကော်မတီကို လွှတ်တော်က ဖွဲ့စည်းပေးခဲ့ပြီး အဆိုပါ စွပ်စွဲပြစ်တင်ချက်ကို စစ်ဆေးခဲ့သည်။

စစ်ဆေးတွေ့ရှိချက်များအား ရခိုင်ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုအား ယနေ့ကျင်းပသည့် ၄/၂၀၁၈ အရေးပေါ် ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့သည်။

မဲခွဲပြီးနောက် လွှတ်တော်က ဥက္ကဋ္ဌမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံဘဏ္ဍာ ဝန်ကြီး ဦးကျော်အေးသိန်းအား လွှတ်တော်က စွပ်စွဲပြစ်တင်အဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃ ပုံ ၂ ပုံ မပြည့်သဖြင့် အဆိုရှုံးနိမ့်ခဲ့ကြောင်း လွှတ်တော်သို့ ကြေညာခဲ့သည်။

မဲခွဲရာတွင် ပယ်မဲ ၁၀ မဲမှာ တပ်မတော်ဘက်မှ မဲများဖြစ်သည်ဟု စုံစမ်းရေးကော်မတီ ဥက္ကဋ္ဌ သံတွဲမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက သတင်းထောက် များကို ပြောကြားသည်။

May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...