ကျေးလက်ရိုးရာရွက်လှေငယ်ပြိုင်ပွဲ မာန်အောင် သိမ္ဘလရွာတွင် ကျင်းပ

ကျေးလက်ရိုးရာရွက်လှေငယ်ပြိုင်ပွဲ မာန်အောင် သိမ္ဘလရွာတွင် ကျင်းပ
by -
အောင်လင်းထွန်း(မာန်အောင်)

ရခိုင်ကျေးလက်ဒေသများတွင် မိုးဦးကျရာသီကာလတွင် ကျင်းပလေ့ရှိသည့် ရွက်လှေငယ် ပြိုင်ပွဲ တစ်ခုကို မာန်အောင်မြို့နယ် သိမ္ဘလကျေးရွာတွင် ကျင်းပ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

၎င်းရွက်လှေငယ် ပြိုင်ပွဲကို ဇွန်လ ၂၇ ရက်နေ့ မှ ၂၉ နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲကျင်းပရေးကော်ပတီအဖွဲ့ဝင် ဦးဂျပန်ကြီးက နိရဥ္စရာသတင်း ဌာနသို့ ပြောကြားပါသည်။

"ဒီနှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်မယ့် ရွက်လှေငယ်တွေက အရမ်းများတယ်။ မနစ်ကထက် ဒီနှစ်မှာ သိသိသာသာ တိုးလာတယ်။ ခုဆို ပြိုင်ပွဲဝင်မယ့် ရွက်လှေငယ်က ၈၃ စင်းကျော်ရှိနေတယ်။ ဒီရွက်လှေပြိုင်ပွဲကို ကျွန်တော် ရွာအပြင် တစ်ခြား ကျေးရွာတော်တော်များများကပါ လာရောက် ယှဉ်ပြိုင်ကြပါတယ်" ဟု သူက ပြောသည်။

ပြိုင်ပွဲတွင် ရွက်လှေများ ပြိုင်ရမည့် အကွာအဝေးမှာ အလျှား ၁ဝဝပေ ရှိပြီး ပထမဆု ကျပ် ၇၀၀၀၀၊ ဒုတိယဆုကို ကျပ် ၅၀၀၀၀၊ တတိယဆုကို ကျပ် ၃၀၀၀၀ နှင့် ဇွဲဆုကို ကျပ် ၁၀၀၀၀ ဆု အသီးသီး ချီးမြှင့်မည်ဟု သိရသည်။

ယခုကဲ့သို့ ရွက်လှေငယ် ပြိုင်ပွဲကို သိမ္ဘလကျေးရွာတွင် နှစ်စဉ်ကျင်းပလာသည်မှာ အနှစ် ၂ဝကျော်ကျင်းပလာပြီ ဖြစ်ကြောင်း၊ မာန်အောင်ကျွန်း တစ်ခုလုံး၌ သိမ္ဘလကျေးရွာ တစ်ခု တည်းတွင် ယခုလို ရွက်လှေငယ် ပြိုင်ပွဲကို တခန်းတနား ကျင်းပခြင်း ဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း အစဉ်ဆက်မပြတ်အောင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ဦးဂျပန်ကြီး ကဆိုသည်။

"ခုရွက်လှေငယ်ပြိုင်ပွဲဟာ ကျွန်မတို့ ရွာရဲ့ ဓလေ့တစ်ခုဖြစ်နေပါပြီ။ မနှစ်ကဆို ပထမဆုရခဲ့တယ် လေ။ အခုနှစ်မှာလည်း ဝင်ပြိုင်တယ်။ ဒီနှစ်မှာလည်း ပထမရဆု ရဖို့ မျှော်မှန်း ထားပါတယ်"ဟု ပြိုင်ပွဲဝင်သူ ဒေါ်မကျော်နွဲ့က ပြောဆိုသည်။

ရွက်လှေငယ်ပြိုင်ပွဲမှာ တစ်ပေမှ နှစ်ပေ- သုံးပေခန့်အရှည်ရှိ သစ်သား၊ ၀ါး၊ ဖိုင်ဘာတို့ဖြင့် ပြုလုပ်ထားသည့် လှေငယ်များတွင် ရွက်တပ်ပြီး လေအားဖြင့် လယ်ကွင်းပြင်ရှိ ရေပေါ်တွင် ပြိုင်ကြသည့် ပြိုင်ပွဲ ဖြစ်ကြောင်း သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...