အစိုးရတစ်ရပ်တွင်ပုံရိပ်သည် အရေးကြီးပြီးဒီမိုကရေစီ စနစ်တွင် အစိုးရသည်ဝေဖန်မှုကို ခံနိုင်ရမည်ဟု ဒေါက်တာအေးမောင်ပြော

အစိုးရတစ်ရပ်တွင်ပုံရိပ်သည် အရေးကြီးပြီးဒီမိုကရေစီ စနစ်တွင် အစိုးရသည်ဝေဖန်မှုကို ခံနိုင်ရမည်ဟု ဒေါက်တာအေးမောင်ပြော
by -
စံမောင်သန်း

အစိုးရတစ်ရပ်တွင် ပုံရိပ်သည် အရေးကြီးပြီး ဒီမိုကရေစီစနစ်တွင် အစိုးရသည် ဝေဖန်မှုကို ခံနိုင်ရမည်ဟု အမှု ၃ ခုဖြင့် တရားစွဲဆိုခံထားရသူ ဒေါက်တာအေးမောင်က ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေခရိုင်တရားရုံးတွင် ယနေ့ဇွန်လ ၂၇ ရက်နေ့က ရုံးထုတ်စဉ် ယင်းသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

'အစိုးရတစ်ရပ်မှာ ပုံရိပ်ဆိုတာ အရေးကြီးတယ်။ အဲ့တာကြောင့် ပုံရိပ်မကျဖို့ အရေး ကြီးတယ်။ ပြည်နယ် အစိုးရမှာပဲဖြစ်ဖြစ် တိုင်းအစိုးရမှာပဲဖြစ်ဖြစ် ပုံရိပ်ကျတယ်ဆိုရင်ပြည်ထောင်စု အစိုးရရဲ့ပုံရိပ်ကိုပါ ထိခိုက်စေပါတယ်'ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဒီမိုကရေစီစနစ်တွင် အစိုးရသည် ဝေဖန်မှုကို ခံနိုင်ရမည်ဟုလည်း ဒေါက်တာအေးမောင်က ဆိုသည်။

“ ပါလီမန်ခေတ်မှာ အစိုးရတစ်ရပ်ဟာ ဝေဖန်မှုကို ခံနိုင်ရမယ်။ အဲ့ဒီလို ဝေဖန်လို့ ၆၆ (ဃ) စွဲတယ်။ ဟိုဟာနဲ့ စွဲတယ်ဆိုတာ မဖြစ်သင့်ဘူးလေ။ အဲ့ဒီလို လုပ်ရင် အစိုးရရဲ့ပုံရိပ်ကို ထိခိုက်ပြီးတော့ ပြည်ထောင်စု အစိုးရနဲ့ နိုင်ငံ့ဦးသျှောင်တွေကိုပါ ထိခိုက်စေပါတယ်” ဟု ဒေါက်တာအေးမောင်က ပြေသည်။

နိုင်ငံရေးသမားများအနေဖြင့် အရေးယူခြင်းကို ခံနိုင်ရမည်ဖြစ်ပြီး မိမိအမှားကို တာဝန် ယူနိုင်ရမည်ဟု ဆိုသည်။

အစိုးရပုံရိပ်ကို မထိခိုက်စေရန် ဝန်ကြီးချူပ်အပါအဝင် တာဝန်ရှိသူများအနေဖြင့် ကိုယ့်ပုံရိပ် မထိခိုက်ရအောင် သတိထားကြရမည်ဟုလည်း ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခကိုဖြေရှင်းနိုင်ရန် နိုင်ငံရေး လမ်းကြောင်း ပေးရမည်ဟု ၄င်းကဆိုသည်။

“ ကျနော်တို့အားလုံးဟာ အမျိုးသား ရင်ကြားစေ့ရေးတွေကို ပြောနေကြတယ်။ ပြည်ထောင်စု ညီလာခံမှာ တစ်ဖက်က ဝေဖန်တာတွေကို အစိုးရဘက်က ဆတ်ဆတ်ထိ မခံဖြစ်နေတယ်။ တစ်ဘက်ကဝေဖန်တာတွေကို ထည့်သွင်းစဉ်းစားနိုင်ရမယ်။ ဒါဟာ အစိုးရတစ်ရပ်ရဲ့ ပုံရိပ်ပဲဖြစ်တယ်” ဟု ဒေါက်တာအေးမောင်ကပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်တို့ အမှုအတွက် နောက်တစ်ကြိမ်ရုံးချိန်းကို ဇူလိုင်လ ၉ ရက်နေ့ကို သတ်မှတ်လိုက်သည်ဟု သိရှိရသည်။

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...