ကမ္ဘာ့အငယ်ဆုံး ဖြစ်လာနိုင်သည့် အခမဲ့စာကြည့်တိုက် စစ်တွေမြို့တွင် ဖွင့်လှစ်

ကမ္ဘာ့အငယ်ဆုံး ဖြစ်လာနိုင်သည့် အခမဲ့စာကြည့်တိုက် စစ်တွေမြို့တွင် ဖွင့်လှစ်
by -
နိရဥ္စရာ
အပန်းဖြေ အနားယူရင်း စာဖတ်နိုင်မည့် အခမဲ့စာကြည့်တိုက်ငယ်တစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ မိဇံရပ်ကွက်တွင် စာပေဝါသနာရှင် လူငယ်တစ်စုက အောက်တိုဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

၎င်းစာကြည့်တိုက်ငယ်ကို ပြည်သူများ အေးအေးလူလူ အပန်းဖြေနေချိန်တွင် လွယ်လင့်တကူ စာဖတ်နိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

စာကြည့်တိုက်ငယ် တည်ဆောက်ခမှာ  ၆ သောင်းကျပ်နှင့် စာအုပ်စရိတ် ၁ သိန်းကျပ်သာ ကုန်ကျပြီး မိဇံရပ်ကွက်ရှိ လူများအပန်းဖြေနားနေသည့်နေရာတွင် “သင့်ဘဝ” ဖတ်ပြီးပြန်ထား အခမဲ့စာကြည့်တိုက် ခေါင်းစဉ်ဖြင့် တည်ဆောက်ခဲ့ခြင်းသည်ဟု သိရသည်။

စာကြည့်တိုက် တည်ထောင်ရာတွင် ပူးပေါင်းပါ၀င်သူတစ်ဦးဖြစ်သူ ရခိုင်လူငယ်စာရေးဆရာ ကိုဝေဟင်အောင်က “စာဖတ်သူများဘဝ မြင့်မားရေး၊ ဘဝမြင့်မားသူတိုင်း စာဖတ်ကြသည်။ သင့်ဘဝ မြင့်မားဖို့အတွက် စာဖတ်ပါ”ဆောင်ပုဒ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

စာကြည့်တိုက်တွင် သုတ၊ ရသ၊ ဗဟုသုတုဖြစ်ဖွယ်ရာ စာအုပ်များအပြင် နေ့စဉ်ထုတ်သတင်းစာများနှင့် ဂျာနယ်များလည်းကိုလည်း ထားရှိမည် ဖြစ်ပြီး စာအုပ် သစ်များကိုလည်း မကြာခဏဆိုလို ဖြည့်ဆည်း ဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဟု ကိုဝေဟင်အောင်က ပြောသည်။

၎င်းစာကြည့်တိုက်ကဲ့သို့ စာကြည့်တိုက်ငယ်များ နေရာ အနှံ့အပြားတွင် ပေါ်ပေါက်ရေး အတွက်  ကူညီ ထောက်ပံ့ ပေးလိုသူများအနေဖြင့် ကိုဝေဟင်အောင် ၀၉ ၄၅၀ ၅၄၂၉ ၈၆၊ ကိုကံထူးအောင် ၀၉ ၄၀၁ ၅၅၈ ၂၈၇၊ ကိုလင်းအိမ် ၀၉ ၅၁၅ ၄၆၁၇ တို့ကို ဆက်သွယ်၍ အကူအညီပေးနိုင်ကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...