စစ်တပ်၏ ‘ကချင် ထိုးစစ်’ ဆန့်ကျင် လူထု ဆန္ဒပြပွဲ နှစ်နေရာမှာ ပြုလုပ်

စစ်တပ်၏ ‘ကချင် ထိုးစစ်’ ဆန့်ကျင် လူထု ဆန္ဒပြပွဲ နှစ်နေရာမှာ ပြုလုပ်
by -
ကေအဲန်ဂျီ
နိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲများ ပြင်းထန်နေစဉ် မြန်မာ စစ်တပ်၏ ‘ကချင် ထိုးစစ်’ ဆန့်ကျင် လူထု ဆန္ဒဖော်ထုတ်ပွဲများကို အောက်တိုဘာလ ၃ရက်နေ့က ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားနှင့် တနိုင်းမြို့မှာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လမ်းလျှောက် ဆန္ဒပြပွဲကို စီစဉ်ထားသည့်အတိုင်း တနိုင်းမြို့မှာ ပြုလုပ်နိုင်ခဲ့သော်လည်း မြစ်ကြီးနားမြို့တွင် အာဏာပိုင်များ၏ တားဆီးမှုကြောင့် မနောကွင်း အထဲမှာသာ ပြုလုပ်ခဲ့ရကြောင်း ဆန္ဒထုတ်ဖော်ပွဲ စီစဉ်သူများထံမှသိရသည်။

နှစ်နေရာ ဆန္ဒပြပွဲတွင် လူထုက “ကချင်ဒေသတွင်း တပ်မတော် ထိုးစစ် ချက်ချင်းရပ်၊ ပဋ္ဋိပက္ခအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ချက်ချင်းရပ်၊ စစ်ပြေးရှောင်များအား ကူညီထောက်ပံ့ခြင်းကို တားဆီး နှောက်ယှက်မှုအား ပြင်းထန်စွာ ရှုံ့ချသည်၊ စစ်ဘေးရှောင်စခန်းများအတွင်းတပ်မတော်၏ ဝင်ရောက်စစ်ဆေးမှုများ ရှုံ့ချသည်” စသဖြင့် ကြွေးကြော်ခဲ့ကြသည်။

ယနေ့ နှစ်နေရာမှာ ပြုလုပ်ခဲ့သည့် ကချင် ထိုးစစ် ဆန့်ကျင် ဆန္ဒပြပွဲတွင် မြစ်ကြီးနား မနောကွင်းမှာ လူ ထောင်ဂဏန်းနှင့် တနိုင်းမြို့မှာ လူ ရာဂဏန်း ပါ၀င်ကြပါသည်။

မြစ်ကြီးနား လမ်းလျှောက် ဆန္ဒပြပွဲအတွက် ‘၅ ရက်ကြို ခွင့်ပြု မိန့်’ မတင်ခဲ့ သောကြောင့် တရား ဥပဒေအရ အရေးယူမည် ဟု ယမန်နေ့ မြို့နယ်ရဲများ လာရောက် သတိပေးခဲ့ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သော ကချင် အမျိုးသား အတိုင်ပင်ခံ အဖွဲ့ WMR (မြစ်ကြီးနား)မှ ဒေါ် Nang Pu က ပြောပါသည်။သို့သော်လည်း မြစ်ကြီးနား လမ်းလျှောက် ဆန္ဒပြပွဲကို အောက်တိုဘာ ၆ ရက် ကြာသပတေးနေ့ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှ စပြီး စစ်တပ်က ၎င်း၏ ကြည်းတပ်၊ လေတပ်၊ လက်နက်ကြီးတပ် အင်အား အလုံးအရင်းဖြင့် ကချင် ပြည်နယ်အတွင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA အမာခံ စခန်းများကို ပြင်းပြင်းထန်ထန် တိုက်ခိုက် လာသည်။

ယခုလို စစ်တပ်၏ ကချင် ထိုးစစ်နှင့် အခြား နိုင်ငံမြောက်ပိုင်း တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများပေါ် သမ္မတ ဦးထင်ကျော် အစိုးရနှင့် နိုင်ငံတော် အတိုင်အပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်း စုကြည် တို့မှ ယခုချိန်ထိ မည်သည့် တုံ့ပြန် ပြောဆိုမှုများ မပြုလုပ်သေးပါ။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...