စစ်တပ်ကလူမှားပစ်၍ ဒဏ်ရာရသူ ရွာသား ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရ

စစ်တပ်ကလူမှားပစ်၍ ဒဏ်ရာရသူ ရွာသား ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရ
by -
စံမောင်သန်း (စစ်တွေ)
ရခိုင်ပြည်နယ် မောင်တောမြို့နယ် (photo: Google Map)
ရခိုင်ပြည်နယ် မောင်တောမြို့နယ် (photo: Google Map)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေဖြင့် ငါးဖမ်းနေသည့် ရခိုင်အမျိုးသား တစ်ဦးအား စစ်တပ်မှ လူမှား ပစ်မိသဖြင့် ဒဏ်ရာရကာ ဘူးသီးတောင်တွင် ဆေးရုံတင်ထားရသည်ဟု သတင်းရရှိသည်။

“ သူက ကိုင်ကြီးရွာကပါ။ စက်လှေနဲ့ ပင်လယ်ပြင်မှာ ပိုက်ချနေတာပါ။ အဲဒါကို အမှတ် (၅၅၁) တပ်ရင်းက ကုန်းပေါ်ကနေ လူမှားပြီး ပစ်ခတ်တဲ့အတွက် ညာဘက်ပေါင်မှာ ဒဏ်ရာ ရရှိသွားပါတယ်။ ဖြစ်တာက ဇွန် ၂၅ ရက် နေ့လယ် ၂ နာရီ အချိန်မှာဖြစ်တာပါ” ဟု ကိုင်းကြီးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောကြားသည်။

သေနတ်ဒဏ်ရာ ရရှိခဲ့သူမှာ ကိုင်းကြီးရခိုင်ရွာမှ သားသမီး ၆ ဦးဖခင် ဦးအောင်လှစိန် (၆၈)နှစ် ဖြစ်ကြောင်း သိရသည်။

“ အခု သူကို ဘူးသီးတောင် ဗျူဟာဂိတ်ဆေးရုံမှာတင်ထားပါတယ်။ ဒဏ်ရာက ညာဘက်ပေါင်မှာ ရပါတယ်။ အရိုးတော့ မထိဘူး။ စိုးရိမ်စရာမရှိပါဘူး။ တပ်ကဘဲ တာဝန်ယူပြီး ကုသပေးနေပါတယ်” ဟု သူက ပြောဆိုသည်။

ဦးအောင်လှစိန်သည် မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ဝတွင် စက်လှေဖြင့် ငါးဖမ်းပိုက်ချနေစဉ် လူမှားပစ်ခံရခြင်းဖြစ်ပြီး ယမန်နေ့ညနေ ၅ နာရီကျော်တွင် ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...