မိုးကြီးရာက ပျက်စီးသွားသည့် လယ်ဧက ၂၀၀ ကျော် အတွက် ထောက်ပံ့မှုရရန် မျှော်လင့်

မိုးကြီးရာက ပျက်စီးသွားသည့် လယ်ဧက ၂၀၀ ကျော် အတွက် ထောက်ပံ့မှုရရန် မျှော်လင့်
by -
နော်ဒွေးအယ်ခူ
လိုဘာခိုဒေသခံများ စိုက်ပျိုးထားသော စပါးခင်းများ ရေလွမ်ကာ ပျက်စီးသွားသည်။(ဓါတ်ပုံ-နော်ဒွေးအယ်ခူ)
လိုဘာခိုဒေသခံများ စိုက်ပျိုးထားသော စပါးခင်းများ ရေလွမ်ကာ ပျက်စီးသွားသည်။(ဓါတ်ပုံ-နော်ဒွေးအယ်ခူ)

လိုဘာခိုကျေးရွာအနီး အွမ်းလောင်းချောင်းကိုအမှီပြုနေကြသည့် လယ်ယာများပျက်စီးသွားသောကြောင့် တောင််သူလယ်သမားများအနေဖြင့် သက်ဆိုင်ရာအစိုးရဌာနများထံမှ ထောက်ပံ့ကြေးများ မျှော်လင့်နေကြကြောင်း သိရသည်။

“မထင်မှတ်ဘဲ ဒီလိုမျိုး မိုးကြီး၊မိုးများတော့ လယ်တွေမြှုပ်တယ်၊ ကမ်းပါးတွေပြိုတယ်၊ ဘောင်တွေကျိုးတယ်။ ဒါကြောင့်မို့ တစ်ချို့ဒီမနက်မှာပဲ လယ်ပိုင်ရှင်တွေက လာပြောတာပေါ့နော။ ကျွန်တော့်လယ်ကိုလည်း လာကြည့်ပါအုံးတဲ့ နည်းနည်းပါးပါး ထောက်ပံ့ကြေးများ ရမလားတဲ့ အဲဒီလိုမျိုးလာပြောတယ် ယောက်တိုင်းပဲ” ဟု အွမ်းလောင်းချောင်းထိန်းသိိမ်းသည့် တာဝန်ခံဥက္ကဌ ဦးယူဘရိုင်းက ပြောသည်။

ယခုနှစ်မိုးဦးကာလ ဇွန်လ ဒုတိယအပတ်အတွင်း မိုးကြီးကာ လိုဘာခိုကျေးရွာ၊ ဟိုဝမ်ကျေးရွာအုပ်စု၊ ဒေါရောက်ခူကျေးရွာအုပ်စုကို ဖြတ်သန်းစီးဆင်းနေသော အွမ်းလောင်းချောင်းဘေးရှိ လယ်များ၌ စိုက်ပျိုးထားသော လယ်ဧက ၂၀၀ ကျော် ရေလွမ်းပြီး ပျက်စီးသွားသည်။

လိုဘာခိုကျေးရွာတွင်လည်း စိုက်ပျိုးရေးဦးစီးဌာနမှ ပျက်စီးသွားသော လယ်များကို ကွင်းဆင်းကြည့့်ရှုခဲ့ပြီး စပါးများပြန်စိုက်ပျိုးရန် မျိုးစေ့များ ပြန်လည်ပေးအပ်သွားမည်ဟု ကျေးရွာဥက္ကဌဦးဘော်နေထူးက ဆိုသည်။

“ကျွန်တော်တို့ မျှော်လင့်တာတော့ အများကြီးပေါ့ သူတိို့ ကတိလာပေးတာပေါ့ မျိုးစေ့ပြန်ပေးမယ်ပေါ့။ မျိုးပြန်ပေးရင်လည်း ဘောင်ပြန်မကာ၊ ချောင်းမစီးရင်တော့ ခုနေပြန်စိုက်လည်း ခုနေပြန် ပျက်မှာပဲ။” ဟု ၎င်းကဆိုသည်။

ဒေသခံများ၏ စိုက်ပျိုးထားသော လယ်မြေများအများစုမှာ ပျက်စီးဆုံးရုံးများနှင့် တွေ့ကြုံနေရသောကြောင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့သွားကြည့်တော့ လယ်တွေတော်တော်ပျက်ပါတယ်။ ဘယ်လိုမှမတတ်နိုင်ဘူး။ ပိုက်ဆံအရင်းအနှီးလည်းမရှိတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့နော” ဟု ဒေသခံတစ်ဦးက ဆိုသည်။

၎င်းတို့ဒေသတွင် စားဝတ်နေရေးအတွက် အဓိကဘိန်းနှင့် လယ်ယာအနည်းငယ်သာရှိပြီး လယ်ယာမှထွက်ရှိလာသော ဆန်စပါးကိုစားသုံးကြသည်။ ဘိန်များကိုမူ မိသားစု ကျန်းမာရေး၊ ပညာရေးများအတွက် အဓိကအပိုဝင်ငွေအဖြစ် အသုံးပြုကြသည်။တောင်ယာသီးနှံများလည်း အချို့စိုက်ပျိုးကြသည်။

အုပ်စု(၃)ခု၌နေထိုင်ကြသော ကျေးရွာ ၉ ရွာတွင် အွမ်းလောင်းချောင်းကို မှီခိုအားထားနေရသော လူဦးရေ ၆ ထောင်ဝန်းကျင်ခန့်ရှိပြီး စိုက်ပျိုးကြသော လယ်ဧကပေါင်း ၆၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။ ၎င်းဒေသတွင် ကယန်းလူမျိုးများနေထိုင်ကြကြောင်း သိရသည်။

Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...