ဖမ်းဆီးခံ AA မှ ထွန်းထွန်းနိုင်၏ မိသားစုများ ပြည်နယ်အာဏာပိုင်များနှင့် တွေ့ဆုံ

ဖမ်းဆီးခံ AA မှ ထွန်းထွန်းနိုင်၏ မိသားစုများ ပြည်နယ်အာဏာပိုင်များနှင့် တွေ့ဆုံ
by -
နိရဥ္စရာ
 မြတန်ဆောင်ဆရာတော်နှင့် မိသားစုများ
မြတန်ဆောင်ဆရာတော်နှင့် မိသားစုများ
ရက္ခိုင့်တပ်မတော် AA မှ လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ  ဖမ်းဆီးခံထားရသည့် ကိုထွန်းထွန်းနိုင်နှင့် တွေ့ဆုံခွင့်ရရန် မိသားစုများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့်လည်းကောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံပြီး တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၂၅ ရက်နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်လည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့်လည်းကောင်း တွေ့ဆုံပြီး မိသားစုများက တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့ မြတန်ဆောင်းဆရာတော်က နိရဥ္စရာသို့ မိန့်ကြားသည်။

“ မနေ့က နယ်လုံ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲက တွေ့ဆုံတာမှာတော့ ဦးဇင်းရယ်။ ထွန်းထွန်းနိုင်ရဲ့ အစ်မ နှစ်ဦးတို့ပါ၀င်ပါတယ်။ ပထမဆုံးတော့ နယ်လုံဝန်ကြီးက သူဒီအကြောင်း ဘာမှ မသိဘူးလို့ ပြောပါတယ်။ အဲဒီနောက် အပြင်ကို ထွက်ပြီး ငါးမိနစ်ခန့် ဒကစမှူးနဲ့ ဖုန်းဆက်ပြီး စကားပြောတာကို တွေ့ရပါတယ်။ အဲဒီနောက် နယ်လုံဝန်ကြီး ပြောတာက သူ့ကို လောလောဆယ်တွေ့ခွင့်ပေးဖို့နဲ့ တရားရုံးကို လွဲပြောင်းပေးဖို့ မဖြစ်နိုင်သေးဘူး။ စစ်ဆေးစရာတွေ ကျန်နေတဲ့ အတွက် သူ့ကို တပ်ထဲမှာဘဲ ဆက်လက် ထိန်းသိမ်းထားရအုံးမယ်လို့ ပြောပါတယ်။ သူ့ကို ကောင်းကောင်းမွန် ထိန်းသိမ်းထားပါတယ်လို့တော့ ပြောပါတယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

နယ်လုံဝန်ကြီးနှင့် တွေ့ဆုံခြင်းကို နေ့လယ် ၂ နာရီခန့်တွင် ၀န်ကြီး၏ အစိုးရ ရုံးခန်း၌ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး တွေ့ဆုံရာတွင် မြတန်ဆောင်းဆရာတော်၊ ကိုထွန်းထွန်းနိုင်၏ အစ်မများဖြစ်သော ဒေါ်ဦးသန်းယဉ်(ကျီရာပြင်ရွာ)၊ ဒေါ်သန်းသန်းအေး(မင်းဂံ၊စစ်တွေ)တို့ ပါ၀င်သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ဆုံရာတွင်လည်း ပြည်နယ်ဝန်ကြီးချုပ်က ကောင်းမွန်စွာ လက်ခံတွေ့ဆုံကြောင်း၊ ကိုထွန်းထွန်းနိုင်ကိစ္စနှင့် ပတ်သက်ပြီး နယ်လုံ ၀န်ကြီးထံ ချက်ချင်း ဖုန်းဆက်ပြီး မေးမြန်းကြောင်း၊ ပြည်နယ်ဝန်ကြီး ပြောသလို ကိုထွန်းထွန်းနိုင် ကောင်းမွန်စွာရှိကြောင်း၊ စစ်ဆေးစရာများ ရှိနေသေး၍ ရဲသို့ လက်ရှိတွင် လွဲပြောင်းရန် မဖြစ်နိုင်သေးကြောင်း ပြောကြားသည်ဟု ပြောဆိုသည်။

“ ဦးဇင်းအထင်ကတော့ ကိုထွန်းထွန်းနိုင်ကို စစ်တွေက စစ်တပ်နယ်မြေတစ်ခုမှာ ထိန်းသိမ်းထားတယ်လို့ ယူဆမိတယ်။ သူတို့ ပြောပုံဆိုပုံကိုထောက်တော့။ အပြင်မှာ သတင်းထွက်နေသလို သတ်ပစ်တာတော့ မဖြစ်နိုင်ဘူးလို့ ယူဆရတယ်။ အတွင်းသတင်းအရလည်း သူ့ကို စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်ကြားသွားသည်။

ဖမ်းဆီးခံထားရသူ ထွန်းထွန်းနိုင် အသက် (၃၅) နှစ်မှာ  (ဘ) ဦးအောင်ကျော်သာ၊ (မိ)ဒေါ်လှစိန်ဖြူတို့၏ သားဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်က မြောက်ဦးမြို့နယ်၊ ကျီရာပြင်ကျေးရွာတွင်နေထိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင် ကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာ အနီးတွင် မြန်မာစစ်တပ်မှ လက်နက် ခဲယမ်းများနှင့် အတူ ဖမ်းမိခြင်းဖြစ်သည်။

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...