မွန်အမျိုးသားပါတီတရားစွဲဆိုထားသည့် ပါတီဝင်ဟောင်း ၃ ဦးအာမခံရရှိ

မွန်အမျိုးသားပါတီတရားစွဲဆိုထားသည့် ပါတီဝင်ဟောင်း ၃ ဦးအာမခံရရှိ
တရားစွဲဆိုခံထားရသူများ(အလယ်လူ ၃ ဦး)နှင့် ဝန်းရံသူအချို့(ဓါတ်ပုံ - MNA)
တရားစွဲဆိုခံထားရသူများ(အလယ်လူ ၃ ဦး)နှင့် ဝန်းရံသူအချို့(ဓါတ်ပုံ - MNA)

မွန်အမျိုးသားပါတီ MNP မှ တရားစွဲဆိုထားသည့် ပါတီဝင်ဟောင်းသုံးဦးတို့အား ဇွန်လ ၁ ရက်နေ့ ပထမအကြိမ်ရုံးချိန်း၌ ကျိုက်မရောမြို့နယ်တရားရုံးက အာမခံပေးခဲ့သည်ဟု ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်သူ ဦးဇော်ဝင်းက ပြောသည်။

“တရားခံသုံးဦးအတွက် ကျွန်တော်တို့ အာမခံလျှောက်ပါတယ်။ တရားရုံးကလည်း ၅ သိန်းတန် တစ်ယောက်စီ အာမခံပေးပါတယ်။ နောက်ရုံးချိန်းကတော့ ဇွန်လ ၁၅ ရက်နေ့မှာပါ”ဟု စွပ်စွဲခံရသူဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းက ပြောသည်။

ကျိုက်မရောမြို့နယ်၊ ကျွန်းရွာ၌ စိုက်ထူထားသည့် မွန်အမျိုးသားပါတီ ဆိုင်းဘုတ်ဖျက်ဆီးခဲ့သည့် ပါတီဝင်ဟောင်း မိစန္ဒာနွန်၊ မိစုမွန်နှင့် နိုင်ဉာဏ်လင်းတို့အား ပါတီဂုဏ်သိက္ခာကျဆင်းစေသည့်အတွက် ပညာပေးသည့်အနေဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ပန်းအောင်က ပြောသည်။

နိုင်ပန်းအောင်က “ဒီနေ့စွဲချက်တင်ထားတဲ့အပေါ်မှာ တရားရုံးရောက်နေပြီးဆိုတဲ့အတွက် ကျွန်တော်တို့ဟာ တရားရုံးကို ယုံကြည်ပြီးတော့ ကျွန်တော်တို့ ဖြစ်ပျက်တဲ့အပေါ်မှာ တရားရုံးအဆုံးအဖြတ်ကို ကျွန်တော်တို့ ရယူဖို့ ကျွန်တော်အပါအဝင် ပါတီဗဟိုကော်မတီကလည်း ဆုံးဖြတ်ချက် ချထားပြီးသားပါ”ဟု ပြောသည်။

သို့ရာတွင် လတ်တလောအခြေအနေတွင် စွပ်စွဲခံရသည့်အဆင့်သာရှိသေးပြီး မိမိတို့ချေပပိုင်ခွင့်ရှိသေးသည့်အပြင် စွပ်စွဲခံထားရသည့် ပုဒ်မသုံးခုကိုလည်း ဥပဒေအတိုင်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း စွပ်စွဲခံရသူ မိစန္ဒာနွန်က မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

အဆိုပါ မွန်အမျိုးသားပါတီဝင်ဟောင်း ၃ ဦးတို့အား အသရေဖျက်မှု/အကျိုးဖျက်စီးမှု/ပူးပေါင်းကြံစည်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၀/၄၂၇/၁၁၄ တို့ဖြင့်တရားစွဲဆိုထားခြင်းဖြစ်ပြီး ပြစ်ဒဏ်ထင်ရှားပါက ၂ နှစ်အထိထောင်ဒဏ်နှင့် ငွေဒဏ်များပါကျခံနိုင်ရကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။

ယင်းပထမအကြိမ်ရုံးချိန်း၌ တရားစွဲဆိုခံရသူများအပြင် ဝန်းရံသူအင်အား ၁၀၀ နီးပါးခန့် ကျိုက်မရောတရားရုံးသို့ လာရောက်ခဲ့ကြောင်း ယုံကြည်ရသည့် ၄င်းတို့၏ Facekbook ဓါတ်ပုံလှုပ်များတွင် တွေ့ရှိရသည်။

မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...
January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...