မင်းမရှိလို့မဖြစ်ဘူးမြစ်သံလွင်

မင်းမရှိလို့မဖြစ်ဘူးမြစ်သံလွင်

မင်းမရှိလို့မဖြစ်ဘူးမြစ်သံလွင်
မင်းရင်ခွင်ကြားမှာခိုနား
တို့ ကျက်စားရှင်သန်လာခဲ့တာ
ဗမာတွေ ဒီမြေခြေမချ
ဟိုး…အနှစ်(၂၀၀)ကျော်ကတည်းက
ဓါးမဦးချ ခုတ်ထွင်ရှင်းလင်း
မင်းနဲ့ ရင်းနှီးချစ်ကြိုးသွယ်ခဲ့
မင်းရဲ့ ရေကိုသောက်ပြီးမှီတွယ်ရပ်တည်ခဲ့တာ
ဒီဌာနေ ဒီမြေဒီရေဒီလေကိုလေ
တို့တွေ အသက်နဲ့ရင်း ကာကွယ်သွားရယ်မဟုတ်လား။

မင်းမရှိလို့မဖြစ်ဘူးမြစ်သံလွင်

တို့ရင်ခွင်ကို ဖြတ်စီး

သွေးကြောကြီး အားအင်ကြီးတခုလို

ဌာနေကို စိမ်းစိုလန်းဆန်းစေတာ

သင်းပျံ့ကာ ရနံ့လှိုင်လှိုင် ပန်းတွေပွင့်စေခဲ့

လှခဲ့ကြပေါ့ နဒီမင်္ဂလာ တရားများ

ခမ်းနားတင့်တယ် လင်္ကာဖွဲ့တည်

ဤမည်သော ကျေးဇူးကြီးမားသော

ရှုမောဖွယ်မြစ်ကြီးတစင်းကိုလေ

တို့တွေ စောင့်ရှောက် ထိန်းသိမ်းကာကွယ်ပေးရမယ်လေ။

မင်းမရှိလို့မဖြစ်ဘူးမြစ်သံလွင်

အကြင်သူ တစုတဖွဲ့ တစ်အုပ်စုဟာ

မညှာတာစွာ မင်းကိုချုပ်နှောင်

ထောင်ကျအကျဉ်းသားတဦးလို

လိုသလို ခိုင်းစေဖို့ရန်

တာတမံ ကာရံဖန်တီး

မင်း မြစ်ကြီးကို ရပ်တန့်အောင်လုပ်

ဂုတ်သွေးစုပ် အမြတ်ထုတ်ရေး

အပေးအယူ အလဲအလှယ်တွေဆင့်

မကြံသင့် မကြံရာတွေ ပြုနေကြပြီလေ။

မင်းမရှိလို့မဖြစ်ဘူးမြစ်သံလွင်

ဂန္တဝင် မုသားပြောစစ်အုပ်စုဟာ

မင်းနေရာအနီး တရွေ့ရွေ့ချဉ်းကပ်

ဆက်ဆက်လာမယ်ဆိုတဲ့ သံဓိဌာန်တွေချ

သေနင်္ဂဗျူဟာတွေခင်း

တလှမ်းချင်း လှမ်းလာလိုက်တာ

ငါတို့ကိုပါ ထိန်းချုပ်ရေး

နယ်ချဲ့သွေးတွေကြွပြနေကြလေရဲ့

မင်းနဲ့ ငါတို့ဘဝတွေကို

နေညိုညိုပြတိုက်ဆီပို့ရန်ပြင်ကြပြီလေ။

မင်းမရှိလို့မဖြစ်ဘူးမြစ်သံလွင်

နင်ဟာ တို့ဘဝ အလှ အကြောင်းအရာ

ဒဏ်ရာ စိတ်ခံစားမှုတွေအသိဆုံး

ဖုံးကွယ်မြိုသိပ်ထားတဲ့

နင့်ရဲ့ သည်းခံခြင်းတရားကို တန်ဖိုးထားတယ်လေ

ဒါပေမယ့် လောကသဘာဝကိုထိန်းသိမ်းဖို့

တို့ရဲ့ ပင်မသွေးကြောကြီးကိုစောင့်ရှောက်ဖို့

တို့လို လောကသားတွေ ရှိနေသေးတယ်ဆိုတာ

ငါတို့ သစ္စာဆို ကာကွယ်သွားကြမယ် မြစ်သံလွင်ရေ။

 

February 13, 2026
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါလေ၊ ‌‌မင်းလက်ပံနှင့်ဖလူးဒေသမှ တိုက်ပွဲကြောင့်...
February 12, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆၊ ဒူးပလာယာခရိုင်အတွင်း စစ်အုပ်စု၏...
February 11, 2026
ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ်ရှိ သူးမွဲခီးစာသင်ကျောင်းတွင်ဖွင့်လှစ်ထားသည့် Kawthoolei Art...
February 10, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ ဖလူးဒေသသို့ စစ်အုပ်စုက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA...