အရပ်ဖက်လူအဖွဲ့စည်းများ ကြိုတင်ခွင့်ပြုမိန့်တင်ရမည့်ကိစ္စ ပြန်လည်ပယ်ဖျက်မည်

အရပ်ဖက်လူအဖွဲ့စည်းများ ကြိုတင်ခွင့်ပြုမိန့်တင်ရမည့်ကိစ္စ ပြန်လည်ပယ်ဖျက်မည်

အရပ်ဖက်လူမှုအဖွဲ့စည်းများ မော်လမြိုင်မြို့နယ်ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် အလုပ်ရုံဆွေးနွေးပြုလုပ်ခြင်း၊ အစည်းအဝေးပြုလုပ်ခြင်းအား ခွင့်ပြုမိန့်ရရှိမှသာ ဆောင်ရွက်ရမည်ဆိုသော ထုတ်ပြန်ချက်ကို ပြန်လည်ပယ်ဖျက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

မေလ ၁၈ ရက်နေ့ ညနေပိုင်းတွင် မွန်ပြည်နယ်အစိုးရရုံး၌ မီဒီယာများကို ခေါ်ယူတွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခြင်းဖြစ်သည်။ 

ဦးမြင့်သန်းဝင်းက “မွန်ပြည်နယ်အစိုးရအဖွဲ့ကို ကြိုတင်ခွင့်ပြုချက်တောင်းစရာမလိုဘူး၊ နောက်ပြီးတော့ မြို့နယ်ထွေအုပ်ကနေ ခွင့်ပြုမှ ဆောင်ရွက်ရမယ်ဆိုတာလည်း မဟုတ်ဘူး၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားစာကို ပြန်လည်ပယ်ဖျက်ပြီးတော့ ဆောင်ရွက်သွားမယ်” ဟု ပြောသည်။ 

၄င်းက ယင်းထုတ်ပြန်ချက်ကို ပယ်ဖျက်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံးသို့ လာမည့်တနလာင်္နေ့ ရုံးဖွင့်ရက်တွင် ထုတ်ပြန်ချက်အသစ်ကို ဆက်လက်ညွှန်ကြားသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။ 

မွန်ပြည်နယ်အစိုးရ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတရပ်တွင် မော်မြိုင်မြို့နယ်အတွင်းရှိ ဟိုတယ်များ၌ အရပ်ဖက်လူမှူအဖွဲ့အစည်းများ အလုပ်ရုံဆွေးနွေးပြုလုပ်ပါက မွန်ပြည်နယ်အစိုးရထံ အသိပေးရမည့်ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်သည့်နေရာတွင် နားလွဲမှုလွဲမှားခြင်းဖြစ်ကြောင်း ဆက်လက်ရှင်းပြသည်။ 

ဦးမြင့်သန်းဝင်းက “အသိပေးပြဖို့ ဆွေးနွေးခဲ့တာကို သက်ဆိုင်ရာ ခရိုင်ကနေ မြို့နယ်က တစ်ဦးချင်းအကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ ဒီလို (၁၀) ရက် ကြိုတင်ခွင့်ပြုမိန့်တင်ပြရမယ် ဆိုတာမျိုးဖြစ်သွားတယ်၊  ဒါကတော့ နားလည်မှုလွဲသွားတာပဲ” ဟု ပြောသည်။ 

အရပ်ဖက်လူမှူအဖွဲ့အစည်းများသည် ၂၀၁၆ ခုနှစ် အသင်းအဖွဲ့ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အလုပ်ရုံဆွေးနွေးပွဲကို လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်း မွန်ပြည်နယ်အစိုးရထံမှ သိရသည်။ 

မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...
January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...