ရခိုင်ကမ်းရိုးတန်းတွင် အစိုးရပိုင် သင်္ဘောများ ပြေးဆွဲရန် အစီအစဉ်မရှိသေးဟု ပြည်နယ်ဝန်ကြီးဆို

ရခိုင်ကမ်းရိုးတန်းတွင် အစိုးရပိုင် သင်္ဘောများ ပြေးဆွဲရန် အစီအစဉ်မရှိသေးဟု ပြည်နယ်ဝန်ကြီးဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အတွင်း ကမ်းရိုးတန်းသင်္ဘောများ ပြေးဆွဲရရန် အစီအစဉ်မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကျော်ဇံက နိရဥ္စရာသို့ စက်တင်ဘာလ ၂၂ ရက် ညနေ ၈ နာရီ ခွဲက နိရဥ္စရာသို့ ပြောကြားသည်။

“ လောလောဆယ် ကမ်းရိုးတန်းသွား သင်္ဘောတွေ ပြေးဆွဲဖို့ အစီအစဉ် မရှိသေးဘူး။ ဒီနှစ်အတွင်း ပြေးဆွဲပေးဖို့ အစီအစဉ် မရှိဘူး။ နောက်နှစ် မတ်လမှ ဂျပန်က သင်္ဘောတစ်စီးရောက်မယ်။ အဲဒီ သင်္ဘောရောက်တဲ့ နောက်နှစ် မတ်လ လောက်မှ ပြေးဆွဲ ဖြစ်ပါလိ်မ့်မယ်” ဟု ၀န်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

၎င်းပြင် ၀န်ကြီးက လက်ရှိ သင်္ဘောများဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး သွားလာရန် မဖြစ်နိုင်ကြောင်း၊ သို့အတွက် ဂျပန်မှ သင်္ဘောများ ရောက်အောင်ထိ စောင့်ဆိုင်းရမည် ဖြစ်ကြောင်း၊ ဂျပန်က သင်္ဘောသုံးစီး ကူညီထားကြောင်း၊ ပထမ တစ်စီးမှာ ၂၀၁၇ ခုနှစ် မတ်လလောက်မှသာ ရောက်ရှိမည်ဟု သတင်း ရရှိကြောင်း ဆက်လက် ပြောဆိုသည်။

ယခုအခါ ရခိုင်ကမ်းရိုးတန်းတွင် သွားလာ ခုတ်မောင်းနေသော သင်္ဘောတစ်စီးတစ်လေမှ မရှိသဖြင့် ခရီးသွားပြည်သူများ အခက်အခဲများရှိနေ၍ သင်္ဘောတစ်စီးစီးဖြင့်  ပြေးဆွဲပေး၍ မရနိုင်ဘူးလားဟု မေးမြန်းရာ ၀န်ကြီးက “ လောလောဆယ် မလိခ၊ ရွေပြည်တန်စတဲ့ ပုဂ္ဂိလက အမြန်ယာဉ်တွေ ကမ်းရိုး တစ်လျှောက် ပြေးဆွဲနေပါတယ်။ ကုန်တွေ အများအပြား မတင်နိုင်ဘူး၊ အမြန်ယာဉ်ခ ကြီးမြှင့်နေတယ်။ ဒီလို အခက်အခဲတွေတော့ ရှိနေပါတယ်။ ဒါပေမယ့် လောလောဆယ် ပြေးဆွဲမယ့် အစီအစဉ် မရှိသေးပါဘူး” ဟု ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ် တွင် အစိုးရပိုင် ကမ်းရိုးတန်း သင်္ဘောများ ပြေးဆွဲမှုကို ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက် အောင်တံခွန် (၃) နစ်မြုပ်ပြီးကတည်းက ကျန်ရှိနေသော သင်္ဘောများမှာ ခိုင်ခန့်မှု မရှိသဖြင့် ပြေးဆွဲမှုကို ရပ်တန့်ထားခဲ့သည်။

ရခိုင်ပြည်နယ်သည် လက်ရှိ အချိန်ထိ ရေလမ်းကို အားကိုးပြီးသွားလာနေရသော ပြည်နယ် တစ်ခု ဖြစ်ပြီး စစ်တွေမြို့မှ ကမ်းရိုးတန်းမြို့များ ဖြစ်ကြသော မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်နှင့် တောင်ကုတ်မြို့များသို့ ခုတ်မောင်းသွားလာနေသော သင်္ဘောများ ပြေးဆွဲမှုကို ရပ်နားထားရသဖြင့် ခရီးသွားလာရန်တွင် ရခိုင်ပြည်သူများမှာ အထူးအခက်အခဲများ ကျရောက်  ဖြစ်ပေါ်လျှက်ရှိနေကြောင်း သတင်းရရှိသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...