ထိုင်းမြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၅ သန်းနှင့် ဘိန်းဖြူ ကီလို ၇၀ ဖမ်းမိ

ထိုင်းမြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၅ သန်းနှင့် ဘိန်းဖြူ ကီလို ၇၀ ဖမ်းမိ

ထိုင်း မြန်မာနယ်စပ် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင် လာသည့် စိတ်ကြွမူးယစ်ဆေးပြား ၅ သန်း နှင့် ဟီရိုအင်း ၇၀ ကီလို ကို ထိုင်းမူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က ယနေ့နံနက်တွင် ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်လာသူ ထိုင်းနိုင်ငံသား နှစ်ဦးကို အသေဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် ဝင်းပါပေါက်မြို့နယ်အတွင်း ဝင်းရွာအနီး အဝေးပြေးလမ်းမကြီး၏ မိုင်တိုင်အမှတ် ၅၈ နှင့် ၅၉ အကြားတွင် မေလ ၁၄ ရက်နေ့ ယနေ့ နံနက် ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးသယ်ဆောင်လာသူများသည် ကားပေါ်တွင် ဟင်းသီးဟင်းရွက် အထုတ်များဖြင့် မူးယစ်ဆေးဝါး များကို ဖုံးအုပ်သယ်ဆောင် လာခဲ့ခြင်းဖြစ်ပြီး ထိုင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မသင်္ကာ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းချိန်တွင် မူးယစ်ဆေးသယ်ဆောင်လာသူများနှင့် ပစ်ခတ်မှုဖြစ်ပွားခဲပြီး ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည် - ဟု ထိုင်းစစ်တပ်အရာရှိတစ်ဦးမှ ပြောသည်။

"ဖြစ်တာက မနေ့ကညသန်းခေါင်ကျော် ည ၁ နာရီကျော်လောက်မှာဖြစ်ခဲ့တာ။ သူတို့ နှစ်ယောက်က ဟင်းသီးဟင်းရွက် တွေနဲ့ မူးယစ်ဆေးတွေကို ဖုံးပြီး သယ်လာတာလေ။ မသင်္ကာလို့ စစ်ဆေးဖို့ ရပ်ခိုင်းတော့ စပစ်ကြတာပဲ။ သူတို့နှစ်ယောက်လုံး သေသွားတယ်။ မူးယစ်ဆေးတွေကတော့ စိတ်ကြွဆေးပြားက ၅ သန်း၊ ဟီးရိုအင်း က ၁၉၉ ထုတ် ကီလို ၇၀ လောက်ရှိပါတယ်။"- ဟု ထိုင်းဘာသာဖြင့် အတည်ပြု ပြောဆိုခဲ့သည်။

ယနေ့ထုတ် ထိုင်းသတင်းမီဒီယာ များ၏ ဖော်ပြမှုများတွင် ယခု ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်အတွင်း၌ နေထိုင်သည့် တရုတ်လူမျိုး (ကျင်းဟော့်) တဦးထံမှ ယူလာ၍ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်လာချိန်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု မူးယစ်ဆေးဝါးများ ရှာဖွေဖမ်း ဆီးခဲ့သည့် ရဲတပ်ဖွဲ့မှ ပြောဆိုကြောင်း ရေးသား ဖော်ပြထားကြသည်။

မူးယစ်ဆေးဝါးသယ်ဆောင်လာသူများသည် ထိုင်းနိုင်ငံသား တရုတ်လူမျိုးများဖြစ်ပြီး အသက် ၃၁ နှစ် အရွယ်နှင့် ၂၇ နှစ်အရွယ်ရှိသူတွေဖြစ်သည်။ ၄င်းတို့နှင့်အတူ မူးယစ်ဆေးဝါးများ အပါအဝင် သေနတ် ၂ လက် နှင့် မူးယစ်ဆေးသယ်ဆောင်လာသည့် ကားတစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...