ချင်းပြည်နယ်က ဟန်ပြတင်ဒါ

ချင်းပြည်နယ်က ဟန်ပြတင်ဒါ

ငွေလုံးငွေရင်းခွင့်ပြုရံပုံငွေဖြင့်ချင်းပြည်နယ်အတွင်းအခြေခံပညာဦးစီးဌာန၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဆောင်ရွက်ဆဲအဆောက်အဦးများကိုအပြီးသတ်ဆောက်လုပ်ရန်ကုမ္မဏီများကိုဖိတ်ခေါ်ထားသောတင်ဒါဖိတ်ခေါ်ပုံကိုစာဖတ်သူများမှတ်ချက်ပေးစေလိုပါသည်။

သက်ဆိုင်ရာတင်ဒါကော်မတီမှမေလ၁၄ရက်နေ့တွင်တင်ဒါခေါ်မည်ဖြစ်ပြီးနောက်၃ရက်အကြာမေလ၁ရရက်နေ့တွင်တင်ဒါလျှောက်လွှာပြန်တင်ရမည်ဖြစ်ပါသည်။

၃ရက်တည်းဖြင့်ဆောက်လုပ်ရမည့်အဆောက်အဦးနေရာများကိုသွားရောက်လက်တွေ့မြေပြင်ကွင်းဆင်းတိုင်းတာလေ့လာခြင်း၊အဆောက်အဦးများ၏စုစုပေါင်းကုန်ကျစရိတ်နှင့်လုပ်အားကိုတွက်ချက်တိုင်းတာခြင်းတို့ကိုသတင်း

ကြိုရထားသည့်ကုမ္မဏီမှလွဲ၍ကျန်ကုမ္မဏီများမှလုပ်ဆောင်နိုင်မည်မဟုတ်ပေ။ယခုကဲ့သို၃ရက်တာအတွင်းတင်ဒါအမြန်တင်စေသည့်စနစ်မှာ

ပွင့်လင်းမြင်သာသည့်သဘောမဆောင်ပဲဟန်ပြသဘောဖြစ်နေပါသည်။အစိုးရသတ်မှတ်ထားသည့်တင်ဒါစည်းမျဉ်းစည်းကမ်းကိုတင်ဒါကော်မတီမှပေါ်တင်ချိုးဖောက်ရာကျပါသည်။

ယခုကဲ့သို့တင်ဒါခေါ်ပုံများကြောင့်သက်ဆိုင်ရာဌာနအကြီးအကဲများ၊တင်ဒါကော်မတီအဖွဲ့ဝင်များအားတင်ဒါရရှိရေးအတွက်သတင်းလက်ဦးမူရရှိရေးအတွက်လာဘ်ထိုးရခြင်းတို့ကြောင့်မျှတသည့်ယှဉ်ပြိုင်မူကိုမဖြစ်စေသကဲ့သို့လုပ်ငန်းဆောင်ရွက်ရာတွင်လည်းအရည်အသွေးအပိုင်းအာမခံမူမရှိခြင်းအရည်အသွေးကျခြင်းတို့ကိုဖြစ်စေပါသည်။

အစိုးရပိုင်းတွင်လည်းယခုကဲ့သို့တင်ဒါခေါ်ယူပုံကြောင့်လာဘ်စားမူခြစားမူတို့ကိုဖြစ်ပေါ်စေပါသည်။

သို့ဖြစ်ပါ၍ ကြေးမုံသတင်းစာတွင်ကြေညာထားသောအခြေခံပညာဦးစီးဌာန၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ချင်းပြည်နယ်အတွင်းဆောက်လုပ်မည့်အဆောက်အဦးတင်ဒါခေါ်ယူပုံကိုပြန်လည်ပြင်ဆင်ပေးပါရန်အစိုးရဌာနများအနေဖြင့်တင်ဒါခေါ်ယူရာတွင်ပွင့်လင်းမြင်သာစွာဖြင့်ေ််ခါ်ယူသင့်ပါကြောင်းချင်းဝေါလ်မီဒီယာမှရေးသားအပ်ပါသည်။

Most read this week

September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...